Ep 10

2K 94 11
                                    

.<<<<<

စား​သောက်​ပြီး​လေ​တော့ ဗိုက်​ကားသွားသဖြင့်​မျက်​လုံး​လေးက​အချက်​ပြ​နေပြီ မကြာခင်​မှိန်း​တော့မည်​.....

ဗိုက်​ထွက်​ပြီး​နောက်​ပိုင်းဖြစ်​လာသည့်​အကျင့်​တစ်​ခုဆိုလဲမမှားနိုင်​ပါ။

"ကိုကို ကျွန်​​တော်​အိပ်​ချင်​​နေပြီ "

ဟောဗျာ အခုတင်​စားပြီးလို့နှုတ်​ခမ်းပိစိပင်​အဆီတ၀င်းဝင်းရှိ​သေးသည်​။

ဒါကို အ​မောင်​ဆယ်​ဟွန်းကအိပ်​ချင်​​နေသည်​ဆို​တော့ကာ။

"က​လေးကလဲ ကိုကို အလုပ်​​တွေ​တောင်​ဖျက်​ပြီးက​လေးနဲ့​လျှောက်​လည်​ဖို့စီစဉ်​ထားတာကို"

မျက်​နှာ​လေးစူပုတ်​ကာ​ပြောမိ​လေ​တော့....က​လေးစိတ်​ထဲသနား​ကောင်းပါရဲ့။

"ဟုတ်​တယ်​​နော်​အဲ့တာလဲ"

"ဟုတ်​တာ​ပေါ့"

"အဲ့တာဆိုလဲ..သွားကြမယ်​​လေ"

မဆိုးဘူး စူပုတ်​ပုတ်​လုပ်​တာအသုံး​တော့တယ့်​သား...အို ဘာဖြစ်​ဖြစ်​ချစ်​မ၀တဲ့က​လေးလက်​က​လေးဆွဲပြီးမြို့အနှံ့​လျှောက်​လည်​ဖို့ကအဓိ...ဒီလိုအခွင့်​အ​ရေးကလက်​လွှတ်​ခံလို့ဘယ်​ဖြစ်​မလဲ...လက်​ထပ်​ပြီး​တော့လဲဟန်းနီးမွန်းမထွက်​ဖြစ်​ခဲ့ဘူး​လေ။

ကောင်​တာတွင်​ ​ငွေရှင်းကာ။

ကားထဲ​ရော​လေ​တော့ ဗိုက်​လုံးလုံးနဲ့ချစ်​မ၀က​လေးက ကူရှင်​ကိုမှီကာမျက်​လုံး​မှေး​မှေး​လေး​တွေအားအတင်းပြူးပြဲ​နေသည့်​ပုံနှင့်​။

သြော်​ က​လေးကကျွန်​​တော်​ကိုအ​တော်​​လေးချစ်​တာပဲ သူ့မှာအိပ်​ချင်​​နေပါရက်​နဲ့အတင်းကိုပြူး​နေရသည့်​မျက်​စိ​လေးကိုအား​တော့နာမိသား။

ခါးပတ်​​လေးကိုဗိုက်​​ပေါ်​လေးမှပတ်​​ပေးလိုက်​ပြီး ကူရှင်​ကိုအ​နောက်​သို့နည်းနည်းလှန်​​ပေးလိုက်​​တော့ မျက်​လုံး​လေးပြူးပြီးလှည့်​ကြည့်​​လေသည်​။

"က​လေး သက်​​တောင့်​သက်​တာ​နေလို့ရတာ​ပေါ့"

"Arr Gomawo ကိုကို "

SWEET LISE (Complete)Donde viven las historias. Descúbrelo ahora