ဆေးရုံကဆင်းလို့ရနေပါပြီ အချစ်က တစ်ညလောက်နေဆိုလို့နေလိုက်တာ ...
ကျောင်းကလဲပိတ်ထားတာ သန်ဘက်ခါမှပြန်ဖွင့်မယ်ဆိုတော့ ....နောက်နေ့မနက် .....
ကျွန်တော်တို့အိမ်ပြန်လာကြတယ် ဂျုံအင်က သူ့အခန်းမှာပဲနေဦးတဲ့ နေသိပ်ကောင်းသေးတာလဲမဟုတ်ဘူးဆိုတော့ သူ့အခန်းထဲပဲဝင်လာလိုက်တယ်
ဆေးရုံစောင့်ထားရလို့ ပင်ပန်းနေတယ်ဆိုတာသိလို့ ကိုယ့်အခန်းကိုယ်ပြန်ချင်ပေမယ့် စိတ်ဆိုးလိမ့်မယ် အမှန်တော့ နေချင်တာပေါ့ အချိန်တိုင်း သူ့အနားမှာပဲ.....။"ဆယ်ဟွန်း! ဘာလိုသေးလဲ အဝတ်လဲပြီးပြီမလား? ငါဆန်ပြုတ်ပြုတ်ထားတယ် ခနနေစားလိုက်ဦး" ပြောပြီး အခန်းထဲဝင်လာတဲ့ အချစ် ပိုက်ဆံအိတ်ရယ် ကုတ်ရယ် ကားသော့ရယ်ကိုကောက်ယူနေတယ်
"အင်းလဲပြီးပြီအချစ် ... ဒါနဲ့ ဘယ်သွားမလို့လဲအချစ်?"
"အော် ဆံပင်ညှပ်ဆိုင် သွားမလို့"
"ဟမ် မောင်ပို့ပေးမယ်လေ"
"ရတယ် နေကောင်းသေးတာလဲမဟုတ်ပဲနဲ့နားနေပါ ခနပဲ သိပ်မကြာဘူး ဘာဝယ်ခဲ့ပေးရဦးမလဲ?"
"ဟာ မလုပ်ပါနဲ့ ကားမောင်းတာမောင်းလို့ရပေမယ့် မောင်းနေကျမဟုတ်ရင်လမ်းပေါ်မှာကျ..."
"ရတယ် နေခဲ့"
စိုက်ကြည့်ပြီးပြောနေတော့လဲ ကျွန်တော်ပဲလျှော့ရတော့မှာပေါ့လေ ကျွန်တော်ကသူ့ကိုစိတ်ပူတဲ့ဟာကို"အင်းပါ မောင်ကစိတ်ပူလို့ပါ"
ကျွန်တော်သူ့ကိုနောက်ကျောပေးပြီးရပ်လိုက်တယ် အတော်ကြာတဲ့ထိ တံခါးဖွင့်သံလဲမကြားပိတ်သံလဲမကြားရလို့ လှည့်ကြည့်တော့ဂျုံအင်ရယ်လေ မျက်ရည်တွေဝဲပြီး မဟုတ်ဘူး ဝဲတဲ့အဆင့်မဟုတ် ကျနေပြီ
"အချစ်ရယ် မောင်ပြောလို့စိတ်ဆိုးသွားတာလား? မောင်စိတ်ပူလို့ပါကွာ မငိုပါနဲ့ မောင်နဲ့ပတ်သတ်တိုင်းငိုနေရင် ကြာရင်မောင် အချစ်နဲ့အဝေးကိုပြေးမိလိမ့်မယ်"
"အီးးးး ဟီိးးးးးး မင်းကအခုတော့ငါ့အဝေးမှာနေဖို့တောင်စဉ်းစားနေပြီပေါ့"
"ဟာ မဟုတ်တာကွာ မောင့်ကိုယ်မောင် ဒဏ်ခတ်မိမယ်လို့ပြောတာပါကွာ"