အပိုင်း ၂

3.8K 253 0
                                    


Se Hun' Pov
ကျွန်တော်ဘာဖြစ်နေလဲကျွန်တော်လဲမသိတော့ဘူး။ စိတ်ထဲမှာလဲမတင်မကျနဲ့။ ရူးတော့မယ်ထင်တယ် ဂျုံအင်နဲ့ လဲမတွေ့အောင်ရှောင်တယ်
ဒါပေမယ့်လဲ မတွေ့ရတော့လဲမဟုတ်ပြန်ဘူး
ဘာလုပ်ရမှန်းမသိတော့ဘူး သူနဲ့ စီနီယာနဲ့
လည်းဒီတလောအတွင်း အရမ်းရင်းနှီးလာသလိုပဲ အမြဲတတွဲတွဲနဲ့ တွေ့နေရတယ်
ကျွန်တော် စဉ်းစားနေမိတယ် ဂျုံအင်ကိုဘယ်လိုစဉ်းစားလဲဆိုတာ သူငယ်ချင်းလို့ပဲအဖြေထွက်
နေတယ် ကျွန်တော်ဘာလုပ်သင့်လဲမသိဘူး
အစားလဲမစားနိုင်လို့မေမေတောင်စိတ်ပူနေပြီ
ညဆိုလဲအိပ်မပျော်ဘူး

---------------------------------------------------

ကျွန်တော်တို့ကျောင်းတက်တာနှစ်ဝက်
တောင်ကျိုးတော့မယ် Ge ကလဲကျွန်တော့်ကိုအရမ်းဂရုစိုက်တယ်အမြဲတတွဲတွဲဖြစ်နေလို့
တချို့ဆိုတွဲနေတယ်တောင်ထင်နေကြတာ
ကျွန်တော်ဆိုတာလဲ Ge ရှေ့ရောက်ရင် အလိုလို
ကလေးဆိုးဖြစ်ပြီးဂ်ျီတော့တာ Ge ကတော့
ကျွန်တော်ဘာလုပ်လုပ် ဘာပြောပြော ပြုံးနေတာ

အခုကျွန်တော် Ge နဲ့ညစာထွက်စားတာ
ည၇နာရီလောက်ရှိရောပေါ့ စားသောက်ဆိုင်က
အပေါ်ဆုံးထပ်မှာဆိုတော့ညရှုခင်းတွေလဲမြင်နေ
ရတယ် လေကတဖြူးဖြူးနဲ့ မီးလေးတွေ မှိန်ပျပျနဲ့
Ge ကဒီနေ့မှပိုကြည့်ကောင်းနေသလို ...

စားစရာတွေစားပြီးတော့ Ge ကကျွန်တော့်ကို
ရီဝေဝေကြည့်ပြီးခေါ်လိုက်တယ် ပြီးတော့
လက်ကိုအသာနူးနူးညံ့ညံ့လေးဖွဖွလေးဆုပ်ကိုင်
လိုက်ပြီးတော့ ....

"ကလေး ကိုယ်ပြောစရာရှိတယ် ကိုယ်ပြောတာ
ကိုဘာမှမတွေးဘဲမစဉ်းစားပဲ ဒီတိုင်းလေး
နားထောင်ပေး ... နော်"

ဆိုပြီးကလေးချော့မြူသလိုမျိုးပြောနေတာ

ကျွန်တော်ခေါင်းငြိမ့်ပြမိတော့ Ge က နှင်းဆီပန်း
အဖြူလေး တစ်စည်းကမ်းပေးတယ် ပြီးတော့
စားပွဲပေါ်မှာ အနက်ရောင် ကတ္တီပါဘူးလေး
တစ်ဘူး ....

"ကိုယ် ကလေးကိုချစ်တယ်"

ကျွန်တော် တစ်နေ့ဒီစကားကြားရမယ်ဆိုတာ
ရိပ်မိခဲ့ပေမယ့် တကယ်တမ်းကြားရတော့
ဘာပြောရမယ်မှန်းမသိတော့ဘူး ကြောင်ပြီးပဲ
ကြည့်နေမိတယ်

Dear My Love (SEKAI)Where stories live. Discover now