အပိုင်း ၇

2.9K 187 0
                                    

ဒီအပိုင်းကတော့ ဂျုံအင် ဘက်ကနေပဲရေးပါ့မယ်
------------------------------------------

အမြင်ကတ်တယ်သူ့ကို ရုပ်ကသနားကမားနဲ့လုပ်ပြနေတာ ချော့တာလဲဟုတ်တိပတ်တိမချော့တတ် အရင်ကရည်းစားပွေတယ်ဆိုတာယုံချင်စရာတစ်စက်မှကိုမရှိတာ ..။ အရင်ရည်းစားတွေကိုဘယ်လိုချော့လဲသိချင်မိတယ် ပြောမယ့်သာပြောရတာ ချော့မယ့်ပုံလဲမပေါ်ပါဘူး စိတ်ကလဲမရှည် စိတ်ကောက်တဲ့သူကပဲ ကိုယ့်ဟာကိုယ်ကောက် ကိုယ့်ဟာကိုယ်ချော့ခဲ့ရတယ်ထင်ပါတယ်....။

ကျွန်တော်ရင်တွေခုန်တယ် သူလုပ်တာတွေကြည့်ပြီး..။
ဟိုနေ့ကလဲကြည့်ဦး သူ့ကိုယ်သူ မောင် တဲ့...။
မောင်လို့ခေါ်တဲ့ ရယ်ချင်လိုက်တာဆိုတာလေ ဘယ်သူကသူနဲ့တွဲနေလို့မောင်လို့ခေါ်ရမှာလဲ နော့?..။

ပြီးတော့သူများတွေကြည့်နေတာကို ရုတ်တရက်လက်လှမ်းကိုင်တယ် သူများတွေကြည့်နေလို့ကိုင်ပေးတာဆိုပဲ ...မသိရင်ကျွန်တော့်လက်ကပဲနူနေသလို ပြောပုံက သူပြောချင်တာ အဲ့အဓိပ္ပာယ်မဟုတ်မှန်းသိတယ် တမင်အမြင်ကတ်လို့ အဲ့ဒါကိုပြာပြာသဲသဲနဲ့ ရှင်းပြတယ် ယောင်ပြီးထွက်လာတာအချစ်တဲ့ ဟာကနဲဖြစ်သွားတယ် စိတ်ဆိုးချင်ယောင်ဆောင်ပြီး ထွက်သွားတာနောက်ကနေပါလာတယ် တိုက်ခန်းထဲဆောင့်ဝင်ပြီး သူရှိနေမယ်မှန်းသိလို့ ပြန်ထွက်ပြီးဘာလို့လိုက်လာတာလဲမေးမလို့ကြည့်တော့ ဘေးခန်းကိုဖွင့်နေတာသူ
ဒါဆိုဘေးခန်းပြောင်းလာတာသူပေါ့ တစ်ပတ်လုံးလုံး ပတ်ရှောင်နေတာ အခန်းပြောင်းနေလို့လား??

နည်းနည်းမှမပြောဘူး အခန်းပြောင်းတာကို ပြောရင်ကူပေးမလို့ဟာကို ..... ကျွန်တော်ပြုံးမိတယ် သူခေါ်တာလေးကိုချစ်လို့ မောင်တဲ့ အချစ်တဲ့ မှတ်မှတ်ရရ ကျွန်တော်သုံးရက်လောက်ပြုံးနေမိတယ်ထင်ပါတယ်
အိပ်တော့လဲကျွန်တော် မွေ့ယာပေါ်မှာတိုးတိုးလေးရေရွတ်မိတယ်'မောင်' ဆိုပြီးပေါ့.....။

ကျောင်းမှာတွေ့တိုင်းရယ်ပြတယ် အမှန်တိုင်းပြောရရင် ဘာတွေလုပ်နေမှန်းမသိဘူး ချော့လားဆိုတော့လဲမဟုတ် တို့ထိတို့ထိနဲ့ မုန့်လာပေးတော့ယူလိုက်တယ် ...:3
စားစရာရှိတာတော့စားရမယ်လေ ဟုတ်တယ်မလား?
ကျွန်တော်စိတ်မှတ်ကြီးတာဟုတ်တယ် ဒါပေမယ့် ကျွန်တော်ကသူ့ကိုဘယ်လိုအကြာကြီးစိတ်ဆိုးနိုင်မလဲ အခုဟာကသုံးလရှိပြီ ကျွန်တော်သူနဲ့စကားမပြောဖြစ် တာ ဒါကို နလပိန်းတုံးကမသိဘူး စိတ်ဆိုးနေတုန်းပဲထင်ပြီးတော့ ပြုံးပဲပြုံးပြနေတာ

Dear My Love (SEKAI)Where stories live. Discover now