အိမ်မက်လား တကယ်လား ကျွန်တော် မသိတော့။ အိုဆယ်ဟွန်းက ကျွန်တော့ နှဖူးကို
အသာနမ်းတယ်တဲ့ ရင်တွေခုန်နေတာ ဆိုတာလေ
ကျွန်တော် ညနေအိမ်ရောက်ပြီး ကတည်းကဖျားပြီးအိပ်ပျော်နေတာ ဘာမှမမှတ်မိတော့ဘူး နိုးလာတော့
ည ၈ နာရီတောင်ထိုးနေပြီ ထမယ်လုပ်တော့ လှုပ်လို့မရဘူး မော့ကြည့်လိုက်တော့ ကျွန်တော့်ကို ရင်ခွင်ထဲထည့်ပြီး သိမ်းကျုံးဖက်ထားတဲ့ သူ
မော့ကြည့်လိုက်တော့ မေးရိုးချွန်ချွန်ပါးပါးလေး နဲ့ ကြည့်ကောင်းလိုက်တာဆိုတာလေ
ရင်တွတောင်တုန်လာသလိုပဲ မနေနိုင်မထိုင်နိုင်ပဲ
လက်ညိုးလေးနဲ့ သူ့မျက်နှာအစိတ်အပိုင်း လေးတို့ထိမိတော့ လှုပ်လာပြီးနိုးသွားတယ်
ကျွန်တော်လဲ အိပ်ပျော်ချင်ယောင်ဆောင်ရတာပေါ့သူ့လက်ကကျွန်တော့နှဖူးပေါ်ရောက်လာပြီးး
လှုပ်နှိုးလာတယ် ...."ဂျုံအင် .. ထတော့လေ တစ်ခုခုစားပြီးဆေးသောက်ရမယ်မလား .... ဟင်?"
"အင်း အိပ်ချင်သေးတယ်"
"ထတော့ ပြီးမှဆက်အိပ်တော့နော်"
ကျွန်တော်ထလိုက်တယ် မျက်နှာသစ်ပြီးထွက်လာတော့ အိုဆယ်ဟွန်းက ခေါက်ဆွဲပြုတ်ပေးထားတယ်လေ နွားနို့တစ်ခွက်နဲ့ပေါ့
ကျွန်တော် ကော်ဖီမသောက်တတ်တာ သူမှတ်ထားတယ်ပေါ့ဆိုပြီး ပြုံးမိသေးတယ် ......"ကျေးဇူး ဆယ်ဟွန်း"
"မလိုပါဘူးကွာ .... အချင်းချင်းကို .. ဒါနဲ့ အဆင်ပြေရဲ့လား?? ဆေးခန်းသွားမလား??"
"ရတယ် အိပ်လိုက်ရင်ကောင်းသွားမှာ"
"အင်း ဆေးတော့သောက်နော် ငါပြန်ပြီ
တစ်ခုခုဆိုချက်ချင်းဖုန်းဆက်နော် အားမနာနဲ့နော်""ဟမ် ပြန်တော့မလို့လား?"
"အင်းလေ ၉နာရီခွဲနေပြီ"
"ဟိုလေ ဒီညငါနဲ့ နေပေးလို့မရဘူးလား?"
Oh My God ကျွန်တော်ဘာမေးမိတာလဲ?? ရူးချင်တာပဲ အိုဆယ်ဟွန်းတစ်မျိုးထင်သွားတော့မှာပဲ ကင်ဂျုံအင် မင်းရူးနေပြီလား???
"ဟို ..... ဟိုလေ ငါ... နေမကောင်းရင် ... အားငယ်တတ်လို့ ..... အဲ့ဒါ"