ကိုယ်ဆိုတဲ့ သတ္တ၀ါ ကလေ..
မညီမျှခြင်းတွေ ကွဲပြားခြင်းတွေ ကွာခြားခြင်းတွေကို အရေးတယူဂရုစိုက်တတ်တဲ့သူ မဟုတ်ဘူး
ကိုယ်ရဲ့ တည်ရှိမှုကို အမြဲကျေနပ်နေတဲ့သူကြယ်တစ်ပွင့်ကို မြတ်နိုးခဲ့ပြီးတဲ့ နောက်မှာတော့
ပထမဆုံးအနေနဲ့ သတိထားမိတာက မင်းနဲ့ ကိုယ့်ရဲ့ကြားက ကွာဟချက်တွေပဲ'ကိုယ်တို့နှစ်ယောက်သိပ်ဝေးလွန်းတယ်ကွာ´
ကိုယ်မြတ်နိုးမှုတွေ ထဲမှာ ပိုင်ဆိုင်လိုမှုတွေ တပ်မက်မှုတွေ မပါဘူးလို့ ကြွေးကြော်ခဲ့ပေမယ့် လည်း...
တခါတလေ တော့
မင်းရဲ့အနားမှာရှိခွင့်ရတဲ့လူ တွေထဲကတစ်ယောက် ဖြစ်ချင်မိတယ်
ကွဲပြားမှုတွေကို စိတ်ကုန်မိတယ်
မင်းရဲ့ ပြည့်စုံမှုတွေကို မနာလိုဖြစ်မိတယ်ကိုယ့်ရဲ့ တည်ရှိမှုကို ကျေနပ်ပေမယ့်
ကောင်းကင်မှာ လင်းလက်နေတဲ့ကြယ်တစ်ပွင့်ရဲ့
အနီးမှာ နေချင်သေးတယ်အနီးဆုံးလို့ ကိုယ်မဆိုလိုဘူးနော်
မိုင်ပေါင်းထောင်ချီဝေးနေရာကနေ အနည်းငယ်လောက်နီးစပ်ဖို့
အလွှာတွေ ထောင်ချီ မခြားနေဖို့ပဲ ကိုယ်ကြိုးစားကြည့်ချင်တာ
(ရင်တွင်းဖြစ် အူကြောင်ကြောင် အတွေးများ)
#H3A
YOU ARE READING
The Star In My Sky
RandomThe Feelings of a fangirl [Unicode]မပိုင်ဆိုင်ရရင်တောင်.... ကိုယ်မြင်ရတဲ့ ကောင်းကင်မှာ ထွန်းလင်းပေးတဲ့ ကြယ်တစ်ပွင့် ကို အကြိမ်ကြိမ် ကျေးဇူးတင်မိတယ် [Zawgyi]မပိုင်ဆိုင်ရရင်တောင်.... ကိုယ်မြင်ရတဲ့ ကောင်းကင်မှာ ထွန်းလင်းပေးတဲ့ ကြယ်တစ်ပွင့် ကို အကြိမ်...