The star in my sky-၃၄.......

54 13 0
                                    

Lu Ge .....ကိုယ်​မင်းကိုမြတ်​နိုးမိတာက ၀ဠ်​​ကြွေးတစ်​ခုလိုဆိုရင်
နောက်​ဘဝကျရင်​​တော့ Ge Ge ၀ဠ်​ပြန်​လည်​သင့်​တယ်​။
နောက်​ဘ၀ကျရင်​ ကိုယ်​က Idol လုပ်​မယ်​ ...Lu Ge က ကိုယ့်​ရဲ့ Fan ​လေးလုပ်​​ပေးမလား။
ကို​ယ့်​ကိုမြတ်​နိုး​ပေးနိုင်​မလား။

ကိုယ့်​အ​ကြောင်း မ​ကောင်း​ပြောရင်​ မင်းအတွက်​ကိုယ်​မျက်​ရည်​ဝဲခဲ့သလို ကိုယ့်​အတွက်​ ပြန်​ပြီးဝမ်းနည်း​ပေးနိုင်​မလား။

ဒါမှတရားမှ​ပေါ့ Ge ရာ။

ဒီဘဝမှာ အ​နှောင်​ဖွဲ့ကင်းကင်းနဲ့ မြတ်​နိုးမယ်​​လေ။ ​နောက်​ဘဝကျရင်​​တော့ နီးစပ်​ကြမလား။ တွယ်​တာကြမလား။

ဒါမှမဟုတ်​ ကိုယ်​တို့ရဲ့ စကြာဝဠာနဲ့အပြိုင်​စကြာဝဠာ parallel universe တစ်​ခုရှိခဲ့မယ်​ဆိုရင်​​ရော...ကိုယ်​တို့နှစ်​​ယောက်​နီးစပ်​​နေမလား။ ဖုန်းတစ်​​ကောလ်​စာ အကွာအ​ဝေး ​လေးအတွင်း​ရောက်​​အောင်​ ကြိုးစား​နေကြမလား။

ဒီကမ္ဘာ မှာ ကိုယ့်​အတွက်​မြတ်​နိုးခြင်း​တွေ​က ရောင်​ပြန်​မဟပ်​နိုင်​ရင်​​တောင်​ တခြားကမ္ဘာ တစ်​ခုမှာ​တော့ ကိုယ့်​ကို နည်းနည်း​လေးအဖြစ်​ပြန်​ပြီးမြတ်​နိုး​ပေးနိုင်​မလား။
ကိုယ်​တစ်​ဦးထဲပိုင်​တဲ့ ကိုယ့်​ရဲ့​ကောင်းကင်​​ပေါ်က ကိုယ့်​ရဲ့ကြယ်​​လေး ဖြစ်​​ပေးနိုင်​မလား။

အဆုံးမရှိ​သော အ​တွေးများနဲ့ .......

#H3A

The Star In My SkyWhere stories live. Discover now