The star in my sky,၃၃.....

53 10 2
                                    


မင်းနဲ့ကိုယ်​ မနီးစပ်​နိုင်​ခြင်းကို  ကံဆိုးခြင်းလို့ အဓိပ္ပာယ်​ ​ကောက်​နိုင်​​ပေမယ့်​.. ဒီလိုမျိုး ​ဝေးကွာခြင်း​တွေက ကိုယ့်​အတွက်​​တော့ အကောင်းဆုံးဖြစ်​မယ်​ထင်​တယ်​ Baby...
အ​ဝေးက​နေမြင်​​နေရုံနဲ့​တောင်​ ဒီ​လောက်​မြတ်​နိုး​နေမိရင်​ ...ကိုယ်​တို့နှစ်​​ယောက်​ဆုံနိုင်​ခဲ့ရင်​ မ​တွေးရဲစရာပဲ။မြတ်​နိုးမှု​တွေ ပိုင်​ဆိုင်​ချင်​မှု​တွေ သိပ်​ပြင်းထန်​သွားမယ်​ထင်​တယ်​။
မင်းကို မလိုချင်​တဲ့သူ ဒီကမ္ဘာ​ပေါ်မှာ ဘယ်​​လောက်​များများရှိနိုင်​မှာမလို့လဲ။ မင်းကို ပိုင်​ဆိုင်​ချင်​တဲသူ​တွေ အများကြီးထဲမှာ​တော့ ဒီ​ကောင်​မ​လေးက ထိပ်​ဆုံးကပါတယ်​ Baby.

တကယ်​လို့ကိုယ်​သာ မင်း​လေးရဲ့သက်​ဆိုင်​သူဖြစ်​ခဲ့ရင်​ သ၀န်​တိုလွန်းလို့ရူးရမယ်​ထင်​တယ်​။ မင်း အပြုံး​လေးတစ်​ပွင့်​က သူများအတွက်​ဖြစ်​သွားမှာသိပ်​စိုးရိမ်​မယ်​။ မျက်​​တောင်​ရှည်​ရှည်​​လေး​တွေကို သူများ​တွေ သတိထားမိမှာ သိပ်​စိုးရိမ်​မယ်​။
မင်းရဲ့ အရာအားလုံးကို ပိုင်​ဆိုင်​နိုင်​ဖို့  မင်းအ​ကြောင်း​တွေကိုခ​ရေ​စေ့တွင်းကျ သိနိုင်​ဖို့ သိပ်​​လောဘတက်​မိမယ်​ထင်​တယ်​။ မင်းကို အိမ်​​လေးတစ်​လုံးထဲ့ထည့်​ပိတ်​ထားမယ်​။ ကိုယ့်​ရဲ့အချစ်​​တွေ​နဲ့တောက်​ပ​နေတဲ့ ကိုယ့်​ရဲ့ကိုယ်​ပိုင်​ကြယ်​​လေး အဖြစ်​ တသက်​လုံးချစ်​သွားမယ်။မင်းရဲ့မျက်​၀န်းတစ်​စုံက ကိုယ့်​အ​ပေါ်မှာပဲရှိ​နေ​အောင်​ ..မင်းရဲ့ နှလုံးသားတစ်​ခုလုံးက ကိုယ့်​တစ်​​ယောက်​ထဲကိုပဲ လက်​ခံနိုင်​​အောင်​ ​နေ့တိုင်းကြိုးစားမယ်​။မင်းလက်​က​လေးကို အမြဲတမ်းတွဲထားမယ်​။မင်းကိုကာကွယ်​မယ်​။
မင်းကိုချစ်​မယ်​။ မင်းကို​ပျော်ရွှင်​​စေမယ်​။  မင်းကို ...မင်းကို ..ထာဝရ ..မြတ်​နိုးသွားမယ်​။

#H3A

The Star In My SkyWhere stories live. Discover now