မင်းအတွက်လို့ ရည်စူးပြီး...
ကိုယ်ရေးခြယ် ထားတဲ့'မြတ်နိုးခြင်း ပန်းချီကား'မှာ
စွန့်လွှတ်ခြင်းဆိုတဲ့ အရောင်တွေမပါဝင်ဘူးနာကျင်ခြင်းအရောင်တွေပေါ်မှာ ချစ်မြတ်နိုးခြင်း အရောင်တွေကို ထပ်မံ ခြယ်သလိုက်တဲ့ အချိန်မှာ
စွဲလန်းခြင်းအရောင်တွေက ပိုပြီးတောက်ပ လာတယ်ဝမ်းနည်းခြင်း အရောင် တွေကို ပုံဖော်ခဲ့ ပေမယ့် တွယ်တာခြင်းဆိုတဲ့ အရောင်တွေက ပိုပြီးအသက်ဝင်နေတယ်
မုန်းတီးခြင်းအရောင်တွေ မပါဝင်တဲ့ ကိုယ့် ရဲ့ပန်းချီကားက ပျော်ရွှင်ခြင်းအရောင်တွေနဲ့ သိပ်ခမ်းနားတယ်
နှလုံးသားနဲ့ အသေအချာခံစားမယ်ဆိုရင်တော့ လွမ်းဆွတ်မှုဆိုတဲ့ အရောင်ခပ်ပါးပါးကို
တွေ့နိုင်ပါတယ်ပန်ချီရေးဆွဲသူက ကိုယ့်နှလုံးသားဖြစ်မယ်ဆိုရင်
အရောင်ခြယ်ဖို့ ကြိုးကိုင်သူက မင်းပဲ hannie
#H3A
YOU ARE READING
The Star In My Sky
RandomThe Feelings of a fangirl [Unicode]မပိုင်ဆိုင်ရရင်တောင်.... ကိုယ်မြင်ရတဲ့ ကောင်းကင်မှာ ထွန်းလင်းပေးတဲ့ ကြယ်တစ်ပွင့် ကို အကြိမ်ကြိမ် ကျေးဇူးတင်မိတယ် [Zawgyi]မပိုင်ဆိုင်ရရင်တောင်.... ကိုယ်မြင်ရတဲ့ ကောင်းကင်မှာ ထွန်းလင်းပေးတဲ့ ကြယ်တစ်ပွင့် ကို အကြိမ်...