o n e

2.9K 249 2
                                    

LA မှ ပျံသန်းလာသော လေယာဉ်ပေါ်မှာ စက်ကိရိယာ
တွေဆီကလာတဲ့ အသံငြိမ်ငြိမ်တချို့ရယ် ပြီးတော့
လေသံနှိမ့်ပြီးပြောနေကြတဲ့ တချက်တချက်မှ ထွက်လာ
တတ်တဲ့ စကားသံတွေရယ် ....

Ziyi က ထိုင်ခုံနောက်မှီပေါ်မှာ မျက်လုံးတွေကို မှိတ်
ပြီး ငြိမ်သက်နေတယ် ။ သူ့အတွေးတွေကတော့
လေယာဉ်ပေါ်မှာ မဟုတ်ခဲ့ဘူး ။

အရင်က သူကဖြတ်နေကျ .. အခုကျ သူ့ကိုစဖြတ်သွား
တဲ့ ရည်းစားရဲ့မင်္ဂလာပွဲမှာ သွား အနှောင့်အယှက်လုပ်
မိတာ ပေါ်သွားတာကြောင့် ပေကျင်းပြန်ပို့သည့် အစ်ကို
တော့် မျက်နှာက တဝဲလည်လည်ဖြစ်နေတယ် ။

လုပ်ရက်တဲ့ အစ်ကိုပါပဲ ။ သူ့မှာတော့ တစ်မိသားစုလုံးမှာ
ဒီအစ်ကိုတစ်ယောက်ပဲ သူ့ဘက်ရှိပေးတယ်ဆိုတဲ့ စိတ်
နဲ့ ဘယ်လောက် အားကိုးရသလဲ ။

အခုတော့ ရက်ရက်စက်စက် လေတောင်လှည့်မလည်
ချင်တဲ့ အရပ်ကို ပြန်ပို့ရက်သည် .....

ပြန်ရောက်တာနဲ့ အိမ်ကိုတန်းတန်းမတ်မတ်ပြန်လာခဲ့

တစ်ချက်လွတ်အမိန့်နဲ့ မေ့ထားမိတဲ့ မွေးသဖခင်မျက်နှာ
ကလည်း သူ့ကိုစိတ်အနှောင့်အယှက်တော်တော် ပေး
နိုင်သည် ။

' ____ '

' ဟင် '

မျက်လုံးတွေမှိတ်ထားပေမဲ့ သူ့စိတ်နဲ့သူ ဂဏှာမငြိမ်ဖြစ်
နေတဲ့ Ziyi ရဲ့ လက်တွေက ထိုင်ခုံလက်တန်းတွေပေါ်
ကနေ ပေါင်ပေါ်ပြောင်းတင်ချိန်မှာ တစုံတရာနဲ့ ထိခတ်
မိသွားတဲ့ ခံစားမှုကို ရလိုက်သည် ။

မျက်လုံးတွေကို မှေးစင်းထားရုံ ဖွင့်ကြည့်လိုက်ချင်းမှာပဲ
သူ့ညာဘက်လက်နားမှာ တွန့်ဆုတ်စွာရှိနေတဲ့ လက်
လေးတစ်ဖက်ကို မြင်လိုက်ရတယ် ။

မနေ့က မင်္ဂလာပွဲမှာ အရက်ခွက်ကွဲပြီးရှထားတဲ့ ဒဏ်ရာ
အရှင်လတ်လတ်ကို လာထိတဲ့ လက်လေးရဲ့ ပိုင်ရှင်
ဟာ သူ့မျက်နှာကို လှမ်းအကဲခတ်ချိန်မှာ ကပျာကသီ
မျက်လုံးမှိတ်ပစ်မိလိုက်သည် ။

ဘယ်လိုကြောင့်ပါလိမ့် ။ တကယ်ဆို Ziyi ဟာ
သူ့အသားကို သူစိမ်းတစ်ယောက် ထိတာကိုင်တာမျိုး
ကို မကြိုက်သည့် သူမျိုးပါ ။

InsomniaWhere stories live. Discover now