t h r e e

1.7K 223 8
                                    

ကလေး ကျွန်တော့်ကို ရှောင်နေတာ သုံးရက်ရှိပြီ ။
ဒီအတိုင်းဆို ကျွန်တော်ရှင်ရက်နဲ့ သေရတော့မှာပဲ ... ။

' Xiao Ju ... မင်းနဲ့ Minghao ဆိုတဲ့ကောင်လေး
အဆင်ပြေနေတယ်မလား ။ ငါ့အတွက် ကလေးရဲ့
Ph no တောင်းပေးကွာ '

' ဘာကိစ္စလဲ !! ကိုယ့်ဘာသာကြိုးစားမယ်ဆို နေတိုင်း
သွားတွေ့နေပြီး ph no လေးတောင် မရသေးဘူး
လား '

ဒီကောင်ကတော့ စကားရှည်ပြန်ပြီ ။ ကျွန်တော်က
ကလေးလိုလိုချင်ချင်ပေးတာမျိုးကိုပဲ လိုချင်လို့ သည်းခံ
နေခဲ့တယ်ဆိုတာကို ဘယ်သူမှနားလည်မှာတော့မဟုတ်
ဘူး ။

' မင်း ငါ့ကြောင့် Minghao နဲ့အဆင်ပြေရတာ
နော် Xiao Ju .... '

ထိုတော့မှ အင်တင်တင်နဲ့ တောင်းပေးသည် ။ ဖုန်းနံပတ်
ရရချင်းတော့ မဆက်ရဲသေးဘူး ... ။ အချိန်အခါကို
တော့ ကျွန်တော်ရွေးတတ်ရဦးမည်မလား .... ။ အခု
ဆို ကလေးဟာ အတန်းချိန်တွေနဲ့ပဲ လုံးပန်းနေရဦးမှာ ။

သနားစရာ ကျွန်တော့်ကလေးလေး .... ။

ကျွန်တော် တစ်ချိန်လုံးထိုင်စောင့်နေခဲ့ရတဲ့ အချိန်တွေ
ရောက်လို့လာပြီ ... ။ အခုဆို ကလေးလေးဟာ ရေမိုး
ချိုးထမင်းစားပြီးလို့ အခန်းထဲကစာကြည့်စားပွဲလေး
မှာ ထိုင်နေလောက်ပြီ ။ စာကြည့်ချိန်ကို အနှောင့်အ
ယှက်ပေးတာမျိုးတော့ မဟုတ်ပေမဲ့ ... ကလေးနဲ့
အေးအေးဆေးဆေးဖုန်းပြောလို့ရမှာက ဒီအချိန်လေးပဲ
မို့ .... ။

' ဟယ်လို .... '

ကျွန်တော် တမ်းတလွမ်းမောနေခဲ့ရတဲ့ အသံသေးသေး
လေး .... ။

' ဟယ်လို ဘယ်သူလဲ '

' ကလေး ... ကိုယ်ပါ '

' ဟင် '

' ဖုန်းမချလိုက်ပါနဲ့ ကလေးရယ် '

တိတ်ဆိတ်သွားတဲ့ တဖက်ကကလေးရဲ့အသံလေး ။
အသက်ရှုသံငွေ့ငွေ့လေးကိုတောင် ကြားနေသလိုပဲ ...

' ကိုယ့်ကိုရှောင်နေတယ်မလားကလေး ... ဘာလို့လဲ ။
ကိုယ့်ဆီမှာ ကလေးမကြိုက်တဲ့ ဘာအချက်တွေရှိလို့
လဲ ... ဟင် '

' ____ '

' ကလေးရေ ... '

' ကျွန်တော့်မှာ ... ချစ်သူရှိပြီးသားလေ ခင်ဗျားမသိဘူး
လား '

InsomniaOnde histórias criam vida. Descubra agora