ရာထူးတိုးတယ်ဆိုတာ လစာလည်းတိုးဂုဏ်
လည်းရှိပေါ့ ကျွန်မအတွက်ကတော့ ငရဲတန်းရောက်သွားသလိုခံစားချက်မျိုးပါပဲ...ဟင့်အင်း...ရအောင်တားမယ် PAမကလို့CEOပဲဖြစ်ဖြစ်မလုပ်နိုင်ဘူး...Knock...Knock
Leo: ဝင်ခဲ့ပါ...အော် Manager Kim အာ..ဘယ်ဟုတ်တော့မလဲ PA Kim..လာထိုင်
Tae: ဥက္ကဌကြီး ကျွန်မကိုရာထူးလျှော့ပေးပါ...
Leo: ခင်ဗျာ
Leoလည်းသူကြားတဲ့စကားတောင်မယုံချင်..ရာထူးတိုးပေးတာမဟုတ်ဘဲ ရာထူးလျှော့ပေးပါဆိုတော့
Leo: အဆင်မပြေလို့လား
Tae: ကျွန်မအတွက်သက်သောင့်သက်သာမဖြစ်လို့ပါ...အမှန်တိုင်းပြောရရင် ကျွန်မDirectorဟွမ်နဲ့တွဲမလုပ်ချင်ဘူး
Leo: အကြောင်းအရင်းက Mi Yong ကြောင့်ပေါ့...
Tae: Mi Yong ကဘသူ့ကိုပြောတာလဲ?
Leo: aww...Tiffကိုပြောတာလေ အိမ်မှာတော့Mi Yongလို့ပဲခေါ်တာ...အပြင်မှာခေါ်မိရင်ကျွန်တော်လည်းမလွယ်ဘူး...
Mi Yong...နာမည်လေးလှသလောက်လူကတော့..ဟင်းဟင်း
Leo: ကျွန်တော်တခုတော့တောင်းဆိုချင်ပါတယ်...သူ့အတွက်PAမဟုတ်ရင်တောင် သူ့ဘေးမှာလုပ်ငန်းတွေကိုအမြန်ဆုံးနားလည်နိုင်အောင်ကူညီပေးပါ...
Tae: စိတ်ချပါ...ကျွန်မကူညီမှာပါ...
Taeလည်းဥက္ကဌကြီးကိုပြောချင်တာပြောလိုက်ရပြီဆိုတော့ စိတ်ပေါ့ပါးသွားတာတော့အမှန်ပဲ...ဒါပေမဲ့ ရုံးခန်းထဲဝင်လိုက်တဲ့အချိန်မှာတော့ ချက်ချင်းတောင်အငွေ့ပျံသွားချင်တဲ့စိတ်တွေတောင်ပေါ်လာခဲ့တယ်...
Yoona: Yah! Tae နင့်ကိုDirector Hwangခေါ်နေတယ်...
Tae: weatherကကော...
Yoona: ဟာရီကိန်းသုံးထပ်ဆင့်
Taeတို့ရုံးမှာ အကျင့်တစ်ခုရှိတယ်...အထက်လူကြီးရဲ့အခြေအနေကိုရာသီဥတုနဲ့ခိုင်းနှိုင်းတာပေါ့...ငလျှင်တို့...ရေကြီးတာတို့ဆိုတော်သေးတယ်...ဟာရီကိန်းဆိုရင်တော့ သေတဲ့နေ့ပဲ...အခုကသုံးထပ်ဆင့်ဆိုတော့...
Knock...Knock
Fany: ဝင်ခဲ့
Taeလည်းကုပ်ချောင်းကုပ်ချောင်းနဲ့ပဲ ဝင်လာခဲ့ရတာပေါ့...
YOU ARE READING
My Name is Manager Kim!!
Fanfictionအလုပ်ခွင်မှာ သူများထက်ပိုကြိုးစားတာကြောင့် အချိန်တို အတွင်း မန်နေဂျာရာထူးရရှိပြီး အလုပ်ကြိုးစားတဲ့ ကောင်မလေးအဖြစ် Kim Taeyeon Hwang GPရဲ့ ဒုတိယသမီးဖြစ်ပြီး အရာရာကိုစိတ်မရှည် စိတ်တိုလွယ်တဲ့စိတ်ဓာတ်ရှိသူ အလုပ်အပေါ်မှာလောဘရြှိ...