နမ်ဒယ်မွန်ဈေးကို ပတ်မယ်လို့စပြောကတည်းက သူမတားခဲ့သင့်တာ...ဒီလောက်ကြာမယ်မှန်းလည်းမသိရိုးအမှန်ပါ...စုံစမ်းဖို့ပြောမိတဲ့ကိုယ့်ကိုကိုယ်သာအပြစ်တင်ချင်တယ်တကယ်...သူ့ကျ all starလေးနဲ့မပြေးရုံတမယ်သွားနေတယ်...ကျွန်မကျ ဒေါက်ဖိနပ်နဲ့ ခြေထောက်လည်းဖိနပ်ပေါက်နေပြီ...အခုချိန်ထိလည်း နေ့လည်စာမစားရသေးဘူး...မခံနိုင်တော့ဘူးဒီဗိုက်က အချက်တွေပြနေပြီ သူမစားရင်နေကိုယ်ပဲစားတော့မယ်...
Fany : Manager Kim ရှင်ဒီနေ့အစာမစားဘဲလျှောက်သွားနေတော့မှာလား...
Taeကသွားနေရင် နောက်ကိုပြန်လျှောက်လာပြီ...
Tae: ဘယ်သူကခိုင်းတာလဲ...ဘာလဲရှင်ခြေထောက်ပေါက်တာ ကျွန်မကြောင့်လို့ပြောအုန်းမလို့လား...
Fany: မင်းနဲ့ပြိုင်ငြင်းဖို့လည်းငါ့မှာအားမရှိဘူး...ဒီမှာ ဘာRestaurunt ရှိလဲ...မင်းလမ်းညွှန်...
အမလေးဟဲ့...Restauruntတဲ့...ဈေးထဲလာပြီးတော့...
Tae: ဒါကဈေး ရှင်စားချင်တဲ့ 3 stars 4 starsတွေမရှိဘူး ခေါက်ဆွဲဆိုင်ရှိတယ်စားမလား...
Fany: အေး...ပြီးကော ရှေ့ကသွား... လမ်းမသိတော့နောက်ကလိုက်မယ်...
Tae: အဲ့တော့ ကျွန်မကဘာဖြစ်သွားပြီလဲ?
Fany: ငါက ဘယ်သိပါ့မလဲ...မင်းပဲသိမှာပေါ့...
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Tae: Arjimar ဒီကို အမဲခေါက်ဆွဲ ၂ပွဲပေးပါ...
Arji: Nae ခဏစောင့်ပါ Argashi...
Fany: ဒီဆိုင်ကဘာလဲ?
Tae: တကယ်မသိတာလား...ရှေ့မှာရေးထားတာပြူးနေတာပဲ...ခေါက်ဆွဲဆိုင်လေ...
Fany: Yah! နင်အခုထိငါ့ကိုမကျေနပ်သေးဘူးလား?
Tae: ကျွန်မကမကျေမနပ်ဖြစ်ရမယ်...ရှင်လုပ်ခဲ့တာ ဥပဒေနဲ့ငြိတယ်သိလား...
Fany: အထက်လူကြီးက ခိုင်းတာကို ဥပဒေနဲ့ငြိတယ်ပေါ့...ဟုတ်ကဲ့ရှင့် မှတ်သားထိုက်ပါတယ်နော်...
Fanyနဲ့Taeနဲ့ စကားနိုင်လုနေကြတာ ဆိုင်ထဲစထိုင်ကတည်းကပဲ...ဆိုင်ရှင်အဒေါ်ကြီးတောင် သူတို့ဝိုင်းကိုပဲ ကြည့်နေတာ...
YOU ARE READING
My Name is Manager Kim!!
Fanfictionအလုပ်ခွင်မှာ သူများထက်ပိုကြိုးစားတာကြောင့် အချိန်တို အတွင်း မန်နေဂျာရာထူးရရှိပြီး အလုပ်ကြိုးစားတဲ့ ကောင်မလေးအဖြစ် Kim Taeyeon Hwang GPရဲ့ ဒုတိယသမီးဖြစ်ပြီး အရာရာကိုစိတ်မရှည် စိတ်တိုလွယ်တဲ့စိတ်ဓာတ်ရှိသူ အလုပ်အပေါ်မှာလောဘရြှိ...