__ SiX __

262 18 2
                                    

Chanyeol လည်း hotel အခန်း baekhyun
ထဲပွေ့ချီ ပြီးမွေ့ရာပေါ်ချ ပြီးပြန်ထဖို့လုပ်သော်
လည်းရင်ခွင်ထဲပို့ ပြီးတိုးဝင်လာတဲ့ကိုယ်လုံး
လေးကြောင့်အခန်းထဲထားခဲ့ပြီးပြန်ဖို့လုပ်တဲ့
အစီအစဉ်လေးဟာပျောက်ချင်းမလှပျောက်သွား
ရသည်

Chanyeol လည်းအိပ်ရာပေါ်တက်ပြီး
baekhyun ရဲ့ကိုယ်လုံးလေးကို ပိုပြီး
တင်းတင်းကျပ်ကျပ်ဖက်လိုက်သည်

ဒီနေ့ ညတော့ နှစ်ယောက်လုံးအိမ်မက်လှလှ
လေးတွေမက်တော့မယ်ဆိုတာအသေအချာ
ပြောရဲပါတယ်နော်........

ပြတင်းပေါက်ကနေတိုးဝင်လာတဲ့နေရောင်ခြည်
တွေကြောင့် baekhyun နွေးထွေးလွန်တဲ့
အရာကိုပိုပြီးဖက်ထားလိုက်သည်

ဟင် ..... ဒါကအရမ်းနွေးထွေးလွန်းတယ်
ဘယ်အရာကဒီလောက်ထိနွေးထွေးနေတာလဲ

baekhyun အိပ်ချင်မူးတူးမျက်လုံးလေးဖြင့်
သာနွေးထွေးတဲ့အရာကိုကြည့်မိသည်

ဟင်.... !! ဒါကလူတစ်ယောက်ရဲ့ရင်ခွင်ဘဲ....

ဒါဘယ်သူရဲ့ ရင်ခွင်လဲ..... ? ?

အိပ်ချင်နေတဲ့မျက်လုံးလေးတွေကိုပြူးပြဲပြီး
မော့ကြည့်မိလိုက်သည်

"ဟင်....chan.....!!"

Baekhyun နှုတ်မှတိုးတိုးလေးခေါ်လိုက်သည်

Baekhyunရဲ့လက်လေးတွေက chanyeol
ရဲ့ ရင်ခွင်ကိုဖွဖွလေးကိုင်ပြီး

"နွေးထွေးလိုက်တာ... chan ရဲ့ ရင်ခွင်က.."

Baekhyun ရဲ့ခါးလေးကိုဖက်တွယ်ထားတဲ့
Chanyeol ရဲ့လက်ကိုကိုင်ကာ

"တခါလောက်...chan ရဲ့လက်ကိုကိုင်ပြီး
လျှောက်သွားဖူးချင်တယ်"

Chanyeol အိပ်နေတဲ့ပုံစံလေးကိုမော့ကြည့်ကာ

"ကြည့်ကောင်းလိုက်တာ အိပ်နေတဲ့ပုံစံက"

Chan ရဲ့ မျက်နှာကို လက်ကလေးဖြင့်ဖွဖွ
လေးပွတ်သပ်ကာ chan ရဲ့ရင်ခွင်ထဲပိုတိုး
ပြီးဝင်လိုက်သည်

"ဒီလိုမျိုးလေး တစ်သက်လုံးနေသွားချင်တယ်
Chan ဘက်ကကော....."

Chan သူရဲ့မျက်နှာကိုလက်ဖဝါးနုနုလေး
လာရောက်တွေ့ထိလာတော့အိပ်ချင်နေတဲ့
မျက်လုံးအစုံကိုဖွင့်ကာရင်ခွင်ထဲကကောင်လေး
ကိုငုံ့ကြည့်လိုက်သည်

နှုတ်ခမ်းမှလည်း ပတွတ်ပတွတ်ရေရွတ်နေသေး
သည်....

ချစ်စရာကောင်းလိုက်တာကွာ....

အသည်းယားလွန်းတာကြောင့် ရင်ခွင်ထဲက
ကောင်လေးကိုပိုပြီးတင်းနေအောင်ဖက်ပစ်
လိုက်သည်.....

"အင့်...chan!!"

"အင်း... morning hyunee"

"Morning chan မနေ့ကအတွက်တောင်းပန်
ပါတယ်နော်...ကျွန်တော်အရမ်းစိတ်ညစ်လွန်း
လို့ပါ..."

"ရပါတယ်... hyunee စိတ်ညစ်စရာတွေရှိတိုင်း
ကျွန်တော်ဆီမှာရင်ဖွင့်နိုင်တယ်...ကျွန်တော့်
ရင်ခွင်ထဲမှာစိတ်ကြိုက်ငိုနိုင်တယ်နော်...."

"ကျေးဇူးတင်ပါတယ်... chan"

Chanyeol ရင်ခွင်ထဲကကောင်လေးကိုငုံကာ
အကြည့်.... baekhyun ကလည်းမော့
အကြည့်.... နှစ်ယောက်သားအကြည့်ချင်းဆုံ
သွားသည့်ခဏ.....

နှစ်ယောက်သားပိုပြီးနီးကပ်အောင်ရှေ့တိုးကာ
သွားလိုက်တော့အသက်ရှုသည့်လေများကပင်
တစ်ယောက်မျက်နှာတစ်ယောက်ပြန်ခံစားမိနေ
တဲ့အထိ...

Chan ရဲ့ နီးကပ်လားတဲ့ နှုတ်ခမ်းထူထူလေး
ကြောင့် hyunee အလိုက်တသိပင်မျက်လုံး
လေးများကိုမှိတ်ပေးလိုက်သည်

ထိကပ်သွားတဲ့နှုတ်ခမ်းလေးနှစ်စုံ.....ညင်သာ
စွာနမ်းရှိုက်နေရင်းပင်....စက္ကန့်များ မိနစ်များ
ကြာလာသည့်နှင့်ပိုပြီးမွတ်သိတ်လာတဲ့အနမ်း
ယာဉ်ကြောလေး.....တဖြည်းဖြည်းအရှိုင်းဆန်
လာတဲ့နှုတ်ခမ်းလေးတွေကြောင့်......

နမ်းရတာအားမရသည့်နှယ်....chan က
ရင်ခွင်ထဲကhyunee ရဲ့ကိုယ်လုံးလေးပေါ်
ခွတက်လိုက်သည့်အခါ hyunee ရဲ့လက်က
လေးနှစ်ဖက်ကလည်း chan ရဲ့လည်တိုင်ပေါ်
တင်းကြပ်နေအောင်ဖက်ထားလိုက်သည်

Chan ရဲ့ မျက်နှာလေး ဘယ်ဘက်စောင်းသည်
နှင့် hyunee လေးကလည်းအလိုက်သင့်
ညာဘက်ကိုစောင်းကာ စည်းချက်ချချအနမ်းများ
ကိုဖန်တီးနေကြသည်

နှစ်ယောက်သား အနမ်းယာဉ်ကြောလေးတွေ
ဖြတ်ပစ်လိုက်သည့်အခါ chan က hyunee
ရဲ့နဖူးလေးကိုမိမိရဲ့ နဖူးလေးဖြင့်ထိကပ်ထား
လိုက်သည်

Hyunee ကတော့ chan ရဲ့ လည်ပင်ပေါ်ကလက်တွေကိုတွယ်ဖက်ထားနေဆဲပင်...

အသက်ကလေးကိုပါးစပ်ကလေးကနေဟစိ
ဟစိရှူ နေရသေးသည်

"Hyunee..... "

"Chan... ကျွန်တော် ဘယ်သူမှဂရုမစိုက်ဘဲ
တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ
ရှေ့ဆက်ကြည့်ကြမလား...ဟင်"

__ HiDdEn LoVe __

HiDdEn LoVe (Completed)Where stories live. Discover now