__ SiXtEeN __

215 12 1
                                    

Baekhyun ကတ်ထူစက္ကူ သေတ္တာဗုံးလေးကို
လက်တစ်ဖက်ဖြင့်အသာလေးထိန်းရင်းနောက်
လက်တစ်ဖက်ကအခန်းသော့လေးကိုဖွင့်ကာ
ဝင်လာခဲ့သည်

အခန်းထဲရောက်တော့ဆိုဖာပေါ်မှာထိုင်ကာ
လက်ထဲကဗုံးလေးကို စားပွဲပေါ်တင်ကာ
အဖုံးလေးဖွင့်လိုက်သည်

Baekhyun ဒီတိုက်ခန်းလေးကို omma ဆုံး
ပြီးတော့ဝယ်လိုက်ခြင်းပေ...သူရဲ့လုပ်အားခ
လေးတွေစုပြီးဝယ်ထားကာသူချစ်တဲ့သူနဲ့တူတူ
နေဖို့လည်းဆုံးဖြတ်ထားသည်...သူမကြာခင်မှာ
ကွာရှင်းခွင့်တောင်းတော့မှာ...ပြီးရင်သူဒီမှာလာ
နေမယ်...omma လည်းဆုံးသွားပြီဆိုတော့
သူလည်းမကြာခင်မိမိရဲ့အမည်ယောက်ျားဆို
သည့်အရိပ်ကနေတွက်လာခဲ့တော့မည်...
ကျေးဇူးတရားရှိပေမဲ့ထိုကျေးဇူးတရားတွေကို
တခြားနည်းလမ်းဖြင့်သာဆပ်တော့မည်...တခါ
လောက်တော့မိမိစိတ်ကြိုက်နေချင်သလိုနေဖို့
ကိုဆုံးဖြတ်လိုက်သည်...

ကတ်ထူးဗုံးကိုဖွင့်လိုက်တော့ပထမဆုံးomma
ရဲ့ဓာတ်ပုံလေးကိုဗုံးထဲကထုတ်လိုက်သည်...
Omma ကတော့ဓာတ်ပုံထဲမှာမျက်လုံးလေး
တွေမှိတ်အောင်ပြုံးပြနေသည်...omma ရဲ့
ဓာတ်ပုံလေးကိုလက်လေးဖြင့်အသာလေးပွတ်
ပေးရင်း...

"Omma သားကွာရှင်းတော့မယ်...ပြီးတော့
ချစ်ရတဲ့သူနဲ့လည်းတူတူနေတော့မယ်...သား
ဆုံးဖြတ်ချက်မှန်တယ်မလားဟင်...ပြီးတော့...
ဟော...omma သူလာပြီ"

Baekhyun ဓာတ်ပုံလေးကိုဗုံးလေးထဲအသာ
လေးပြန်ထည့်ကာတံးခါးသွားဖြင့်ရန်ပြင်လိုက်
သည်

"လာ chan...ထိုင်လေ..."

"အင်း...ကိုယ်က hyunee ဘာဖြစ်လို့လဲလို့..."

"ရော့...chan"

Chan ရှေ့ကို အခန်းသော့အပိုလေးတွန်း
ပို့ပေးရင်း...

"ဒါ ဒီတိုက်ခန်းရဲ့အခန်းသော့အပို...
Chan လာနေချင်တဲ့အချိန်လာနေလို့ရတယ်..."

"Hyunee...."

"ကျွန်တော်ကွာရှင်းတော့မယ်...chan
ပြီးရင် ကျွန်တော်ဒီမှာလာနေတော့မှာ..."

"ကိုယ်ဘာပြောရမှန်းတောင်မသိတော့ဘူး...
Hyunee ရယ်...ကိုယ်ဘက်ကလည်းမင်းနဲ့
နေနိုင်အောင်ကြိုးစားမယ်နော်..."

Chan ရှိတဲ့ဆိုဖာဆီကိုထသွားကာchanရဲ့
ပေါင်ပေါ်မှာဘေးတစောင်းလေးထိုင်ရင်း...
လည်ပင်းကိုသိုင်းဖက်လာပြီး...chanရဲ့ပခုံးပေါ်
ကိုခေါင်းလေးမှီတင်လိုက်သည်

"ရတယ်...chan ကျွန်တော့်ကြောင့် chan ကို
မပင်ပန်းစေချင်ဘူး...chan အဆင်ပြေသလိုသာလုပ်...ဘယ်သူကိုမှတော့မထိခိုက်စေချင်
တာကျွန်တော်ဆန္ဒအမှန်ပါ..."

Chan hyunee ရဲ့ခေါင်းလေးကိုဖွဖွလေးပုတ်
ပေးရင်းဘာဆက်လုပ်ရမလဲကိုတွေဝေနေ
သည်...သူဘယ်လိုလုပ်သင့်လဲ...တဖက်က
သူအတွက်မချစ်ပေမဲ့လို့သံယောဇဉ်ရှိတဲ့သူတွေ
...နောက်တဖက်ကလည်းသူအတွက်အရမ်းတန်ဖိုးထားချစ်ရတဲ့သူ...သူအမြတ်နိုးရဆုံးသူလေး
ကိုလည်းတစ်ယောက်တည်းပစ်မထားနိုင်ပါ...

တစ်ညနေ့လုံးchanကော hyuneeကော
ထိုပုံစံလေးဖြင့်အတွေးတွေကိုယ်စီနှစ်မြော
ကာ...

___HiDdEn LoVe ___

ည၁၂ နာရီပတ်ဝန်းကျင်တစ်ခုလုံးကငြိမ်သက်
ပြီးအဝေးပြေးလမ်းကြီးဖြစ်တာကြောင့်ကား
အသွားအလာလည်းသိပ်မရှိ...ဒါပေမဲ့ထိုအဝေး
ပြေးလမ်းမပေါ်မှာဘေးချင်းယှဉ်ရပ်ထားတဲ့ကား
အမည်းရောင်နှစ်စီး...

Lee byun kun စုံစမ်းခိုင်းထားတဲ့ကိစ္စကြောင့်
ဒီနေရာရောက်လာရခြင်း...တစ်ဖက်ကားမှပေးတဲ့စာအိတ်ကိုယူပြီး...ကိုယ့်ဘက်မှပေးတဲ့တန်
ရာတန်ကြေးကိုယူကာထိုကားကတော့တွက်
သွားပြီ...

Lee byun kun စာအိတ်ကိုဖောက်ကြည့်လိုက်
တော့တွက်ကျလာသည့်ဓာတ်ပုံတွေထဲမှာ...
baekhyun နဲ့နောက်ထပ်ယောက်ျားလေးတစ်
ယောက်...ကားပေါ်မှာနမ်းနေတဲ့ပုံတွေ...တစ်
ယောက်နဲ့တစ်ယောက်ဖက်ထားတဲ့ပုံတွေ...
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်
နေကြတဲ့ပုံတွေ...ခရီးသွားကြတဲ့ပုံတွေ...

ထိုဓာတ်ပုံတွေကိုကြည့်ပြီး lee byun kun
ဒေါသတွေတွက်ကာ အံကြိတ်ထားရသည်...
မိမိနဲ့နေတုန်းကအရယ်အပြုံးမရှိတဲ့သူက
မိမိမဟုတ်တဲ့နောက်ယောက်ျားတစ်ယောက်နဲ့
ပြုံးနေပျော်နေတဲ့ပုံတွေ...

"တောက်စ်...ဒါငါနဲ့ baekhyun omma
ဈာပနာတုန်းကဓာတ်လှေကားမှာတွေ့တဲ့တစ်
ယောက်မလား...ဟတ်...ငါကိုအရူးလုပ်နေရတာတော်တော်ပျော်နေတဲ့ပုံဘဲ...တွေ့ကြသေး
တာပေါ့ကွာ..."

___HiDdEn LoVe ___

မှတ်မိကြရဲ့လားဟင်...ficလေးကို
သတိကောရကြရဲ့လား...အရေးအသားကညံ့
နေတော့လည်း...ဘာမှကိုမပြောချင်တော့ဘူး
😅😅


HiDdEn LoVe (Completed)Where stories live. Discover now