__ TwElVe __

233 12 1
                                    

Hyunee omma က chan ကိုတွေ့အခါ
Chan လက်မောင်းကိုပြေးဖက်ပြီး ....စကား
တွေတတွတ်တွတ်နဲ့ပြောသည်

အခုမှစစသိတဲ့ သူစိမ်းတစ်ယောက်ကို ခုလို
ရင်းနှီးတဝင့် ဆက်ဆံတာဆိုလို့ chan တစ်
ယောက်သာရှိတယ်...lee byun kun
ကိုတောင်အဲ့လိုမဆက်ဆံဘူး.....

အခုလည်း chan ကိုကုတင်ဘေးနားမှာထိုင်
ခိုင်းပြီး လက်ဟန်ခြေဟန်ဖြင့်စကားတွေပြော
နေပြန်သည်...chan ကလည်း ဆန်ပြုတ်ကို
ခွံကျွေးပြီး ပြုံးပြုံး ပြုံးပြုံး နဲ့ ဘာတွေပြန်ပြော
နေမှန်းမသိဘူး....

Hyunee chan နဲ့ omma ကိုကြည့်ပြီး
အသီးခွဲနေတာမို့ အငေးလွန်ကာ လက်က
ဓားထိသွားသည်

"အ့..."

"Hyunee ဘာဖြစ်တာလဲ"

ဆန်ပြုတ်ပန်ကန်ကို စားပွဲပေါ်တင်ပြီး hyunee
နားကို အူးယားဖားယားပြေးလာပြီး hyunee
ဓားရှတဲ့လက်လေးကို ပါးစပ်ထဲ ထည့်ပြီး
ငုံထားပေးနေသည်.....

"ရ..ရ..ရပြီ...chan "

"လက်ဆေးလိုက် hyunee
ပြီးရင် ကိုယ်ဆေးထည့်ပေးမယ်"

"Nae..nae...chan"

Hyunee ရဲ့ omma ကတော့ လူနာကုတင်
ပေါ်ကနေကြောင်တောင်တောင်လေးငေးကြည့်
နေသည်....

Hyunee ရေချိုးခန်းထဲဝင်သွားတဲ့အခါ
Hyunee omma က chan ကိုကုတင်နား
လာရန်လက်ယှက်ခေါ်သေးသည်

"သား....အန်တီရဲ့သားကိုလေ..စိတ်ချချင်တယ်
သားရယ်...သားလေးအခုလိုပြုံးတာပျော်တာ
တစ်ခါမှမမြင်ဘူးသေးဘူး...သားနဲ့တွေ့မှသာ
အခုလိုပုံစံကိုမြင်ရတာ...သားလေးကိုစောင့်
ရှောက်ပေးပါသားရယ်...အန်တီမရှိတော့တဲ့
အချိန်ကျရင် သားကိုဂရုစိုက်ပေးပါ...အန်တီ
အသေဖြောင့်ချင်တယ်...သား"

Chan ရဲ့လက်ကို သူမရဲ့ လက်လေးနှစ်ဖက်
ဖြင့်ဆုပ်ကိုင်ပြီး သားကိုစောင့်ရှောက်ရန်ပြော
နေတဲ့ သူမက လူကောင်းတစ်ယောက်လိုပင်

"စိတ်ချပါ omma... ကျွန်တော်သူကိုအသက်နဲ့
ရင်းပြီးစောင့်ရှောက်သွားမှာပါ...."

Hyunee omma ကတော့ chan ရဲ့အပြော
ကိုခေါင်းလေးတညိတ်ညိတ်လုပ်ကာပြုံးပြနေ
သည်

HiDdEn LoVe (Completed)Where stories live. Discover now