Next day...
Taehyung, agency သို့သွားလိုက်သည်
ဒီကိစ္စက ကိုယ်ဘက်ကမှားနေသည်ဟု Taehyungခံယူသောကြောင့်Jungkookအပေါ် မိမိပြုလုပ်ခဲ့မိသည့်အမှားအတွက်Taehyungတောင်းပန်ချင်နေမိသည်...
Jinဆီကအပြန်Taehyungမိဘတွေရဲ့အုတ်ဂူလေးတွေဆီ Taehyungထွက်လာခဲ့သည်...
Flash back start~~~
"Appa ..Ommaကျွန်တော် ရောက်လာပြီ...
ဒီအတောတွင်းမရောက်လာခဲ့မိဘူးနော်
ပစ်ထားတာမဟုတ်ပါဘူး...ကျွန်တော့် သူတို့ကိုလက်စားချေပြီးမှ လာမည်လို့
ဆုံးဖြတ်ခဲ့တာ...ဒါပေမဲ့လေ အခုထိ ကျွန်တော်ဘာမှမလုပ်နိုင်သေးဘူး
မလုပ်နိုင်ဘူးဆိုတာထက် မလုပ်ရက်ခဲ့တာ....ကျွန်တော်သူ့ကိုချစ်တယ်...ကျွန်တော်ဘာဆက်လုပ်ရမလဲ..."
Taehyung အချိန်အတော်ကြာနေပြီးမှ ထိုမှပြန်လာခဲ့သည်..
အိမ်ရောက်တော့ ခဏ နားနေရင်းမှTaehyungအိပ်ပျော်သွားသည်
Taehyung၏အိပ်မက်ထဲတွင်တော့...In Tae's Dream.....
အဖြူ ရောင် နှင်းဆီအဖြူ လေးတွေစိုက်ပျိုး ထားတဲ့ပန်းခင်းကြီးထဲ Taehyungရောက်နေသည်..
ထို့နောက်Taehyungအနားကို ရောက်လာတဲ့Jungkookလေး
JungkookကTaehyungအနားကိုတိုးကပ်လာသည်နှင့်အမျှ Taehyung, Jungkookနှင့်ဝေးရာသို့ထွက်ပြေးနေမိသည်...
ဤသို့ဖြင့် Taehyungအနောက်အား ဆက်မလိုက်တော့ပဲ တရွေ့ရွေ့ ပြောက်ကွယ်သွားတဲ့Jungkook...
ထိုမှသာ ပြောက်ကွယ်သွားသည့်Jungkookနောက်ကိုပြေးလိုက်ကာ Jungkookနာမည်ကို Taehyungကျယ်လောင်စွာအော်ခေါ်နေမိသည်...
"သား Taeလေး"
Jungkookကိုမတွေ့တော့ Taehyungရဲ့ နာမည်ကိုခေါ်သံကြား၍ Taehyungလှည့်ကြည့်မိတော့ Taehyungအားပြုံပြကာ ကြည့်နေသော Taeရဲ့omma
"Omma"
Taehyung၏Ommaရဲ့ရင်ခွင်ထဲ Taehyungပြေးဝင်ကာ ကလေးတစ်ယောက်လိုသာ ငိုကြွေးနေမိတော့သည်...
YOU ARE READING
Water (or) Wine?[complete]
Fanfictionသူဆိုသည်မှာ ကျွန်တော့်အား ယစ်မူးစေသည့်စိတ်အာရုံတို့ကို ပေးစွမ်းနိုင်၏..... Kim Tae Hyung Jeon Jung Kook Created by winnie0397💜