ep.4

3.4K 273 16
                                    

Recall :

"မ​စောဘူးသား မနက်​ဖြန်​အတွက်​အဆင်​သင့်​ပြင်​ထားပါ"

appa phone ​ပြောပြီးတည်းကမျက်​နှာလည်းမ​ကောင်းဘူး  ကျွန်​​တော့်​ကို​နောက်​တစ်​လမှ company လွှဲ​ပေးမယ်​ဆိုပြီးအခုကျ​တော့ ချက်​ချင်း ကြီး. . . . သား appa ကိုနားမလည်​​တော့ဘူး. . . . မနက်​ဖြန်​ အလုပ်​မ၀င်​ချင်​ပါဘူးလို့ငြင်းဖို့ကလည်း ကျွန်​​တော့်မှာငြင်းပိုင်​ခွင့်​မှမရှိတာ 'အဟက်​'

"nae appa သားနားချင်​ပြီ အ​ပေါ်တက်​နှင့်​ပါ့မယ်​ good night appa"

___________________

ကျွန်​​တော်​ အ​ပေါ်တက်​လာ​တော့ ပြတင်း​ပေါက်​ ​ဘေးမှာ​လေးညှင်းခံ​နေတဲ့omma ကို​တွေ့လိုက်​တယ်​. . .omma ကဒီအချိန်​ဆိုအိပ်​​နေကျပါ omma ကျွန်​​တော့်​ကို ​ပြောစရာရှိလို့​စောင့်​​နေတာဖြစ်​မယ်​. . .

"Omma"

ကျွန်​​တော့်​ခေါ်သံကြား​တော့ ကျွန်​​တော့်​ဘက်​ကိုလှည့်​ကြည့်​လာတဲ့omma. . .

"သား Tae အိပ်​​တော့မလို့ လား "

"ဟင့်​အင်း omma သားမအိပ်​​သေးပါဘူး"

"သားTae​လေး omma ဆီလာပါအုံး"

လက်​နှစ်​ဖက်​ကိုကျွန့်​​တော်​ဆီဆန့်​တန်းလာသည့် omma​ကြောင့်​ ကျွန်​​တော်​ommaရင်​ခွင်​ထဲ​ပြေးဝင်​ကာ ​ခေါင်း​လေးနဲ့ ရင်​ခွင်​ထဲတိုး​ဝှေ့ မိသည်​ . . .
ကျွန်​​တော့်​ဆံပင်​​လေး​တွေကို သပ်​တင်​​ပေး​နေတဲ့omma ကိုကျွန်​​တော့်​ ​မော့ကြည့်​မိသည်​ . . .

"သားTae ​လေးပင်​ပန်း​နေတာomm​a သိပါတယ်​ "

"appa ကသားကိုအရင်​လိုမချစ်​​တော့ဘူး . . .အရင်​လိုလဲဂရုမစိုက်​​တော့ဘူး...ပြီး​တော့ သားဘက်​ကိုမ​တွေး​ပေး​တော့ဘူး ...omma သားတကယ်​ပင်​ပန်း​နေပြီ "

ကျွန်​​တော်​omma ရင်​ခွင်​ထဲက​လေး​လေးတစ်​​ယောက်​လိုငိုမိသည်​ အတန်​ကြာငိုပြီး​တော့ omma ကကျွန့်​​တော်​မျက်​ရည်​​တွေကိုသုတ်​​ပေးကာ စကားဆိုလာသည်

"သားappa ကသားကိုသိပ်​ချစ်​တာ​ပေါ့ ommaနဲ့သားကိုဆင်းဆင်းရဲရဲ မထားချင်​လို့သူဝါသနာပါတဲ့ စုံ​ထောက်​အလုပ်​ကိုစွန့်​လွှတ်​ ပြီး စီးပွား​ရေး ​လောကထဲဝင်​ခဲ့တာ... ဒီလိုအ​ခြေ​နေ​ရောက်​လာ​အောင်​ သားappaအများကြီးကြိုးစားခဲ့ရတယ်​​လေ... သားနဲ့ommaကိုပြည့်​စုံ​အောင်​ထားနိုင်​ဖို့. အလုပ်​ပြီးရင်းအလုပ်​ဖြစ်​ခဲ့တယ်​...အဲ့ဒါ​ကြောင့်​ သားappa က သားအ​ပေါ်အရင်​​လောက်​ဂရုမစိုက်​နိုင်​​တော့တာပါ .... သားကိုအရမ်းချစ်​လွန်းလို့ လို​လေ​သေးမရှိ​အောင်​ထားတာ​ပေါ့သားရဲ့ သားappa အ​ပေါ်အထင်​မလွဲပါနဲ့​နော်​ သား​လေးငရဲကြီးမယ်​... ကဲသားသွား​အိပ်​​တော့"

Water (or) Wine?[complete]Onde histórias criam vida. Descubra agora