Ep 2

802 70 2
                                    

<3 Taekook Land <3

သဲ​သောင်​ပြင်​​ဖွေး​ဖွေး​တစ်ေ​နရာတွင်​ ​ရေးထား​သော စာ​တန်း​လေးတစ်​​ကြောင်း ။ ထို​စာတန်း​လေးရဲ့ ​နောက်​ဝယ်​ ​အဆုံးအဆမရှိ ပင်လယ်ပြင်ကြီးအား ​ငေးကြည့်ေ​​​​န​သော ဆယ်​ကျော်သက်အရွယ် ​​​​​​ကောင်​လေး​နှစ်​​ယောက်​ ။

" Tae "

" ဟင်​ Jung kook "

" ကိုယ်​တို့အတူတူ​နေကျရင်​​လေ ခြံ​လေးကို Taekook land လို့​ပေးမယ်​ သိလား "

" အင်း ​ကောင်းတယ်​ Tae က ​ခွေး​သေး​သေး​လေး​တွေများကြီး​မွေးမယ်​..Kook kook က သစ်​ပင်​​တွေများကြီးစိုက်​..ပြီး​တော့...ည​နေတိုင်း ခြံထဲက အပင်​​လေး​တွေကို ​​ရေလောင်း ..​ထမင်းဟင်းချက်​..အဝတ်​​လျှော်​..ပြီး​တော့ မီးပူလဲတိုက်​..ပြီး​တော့.."

" ​နေအူး ..."

" ... "

" ပြီး​တော့ ပြီး​တော့ နဲ့ ခင်​ဗျား​လေးကျ​တော့ ဘာတစ်​ခုမှ ဝိုင်းမလုပ်​ဘူးလား ​ပြော "

" လုပ်မယ်​လေ​​.. Kook kook ချက်​သမျှ ထိုင်​စား​ပေးမယ်​..မ​ကောင်းဝူးလား ​"

" ဘာ!!! ​ကိုယ့်​ကိုယူပြီး ခိုင်းစားမယ်​​ပေါ့​လေ ဟုတ်လား ​တွေ့မယ်​ "

" Ahh Jung kook ကလိမထိုးနဲ့ ယားတယ်​ .. ခိခိ..ယားတယ်​ဆို ..Jeon Jung kookkkk.. Ahh..​Omma ရေလို့ .."

" မှတ်​ပီလား ကိုယ့်​ကို ခိုင်းစားချင်​​နေတဲ့ အ​ကောင်​​လေး ဟမ်​ "

" Ahh ​ကြောက်​ပါဘီဆို လွှတ်​​တော့လို့..kook kook ​နော်​.. အရီလွန်​ပြီး​သေသွားရင်​ kook kookဘဲ မုဆိုးဖိုဖြစ်​မှာ​ "

" ယူ​တောင်​မယူရ​သေးဘူး မုဆိုးဖိုဖြစ်​စရာလားလို့ ..ကိုယ်​က Tae ​လေးအနားမှာဖဲ​နေမှာ .. Tae လဲဘယ်​​တော့မှ ကိုယ့်​အနားကထွက်​မသွားရဘူး​နော်​..ကိုယ့်​ကို ကတိ​ပေး "

" အင်း ..​ပေးတယ်​ ​ဟောဒီက Kim Tae hyung ​လေးက အဲ့ဒီဘက်​က Jeon Jung Kook ဆိုတဲ့လူကြီးအနားက​နေ ဘယ်​​တော့မှ ထွက်​မသွားပါဘူးလို့ "

" အရမ်းချစ်​တယ်​ Tae ..ကတိတည်​​ပေးပါ​နော်​  "

" စိတ်​ချပါ kook kook ရဲ့ Tae လဲ Kook kook ကို အရမ်းချစ်​တယ်​ "

Taekook LandWhere stories live. Discover now