Busan ~
အလုပ်ကိစ္စတွေအကုန် Hyung လက်ထဲ ထိုးထည့်ကာ အိတ်တစ်လုံးဆွဲပြီး ကားမောင်းလာခဲ့တာ ခု Busan တောင်ရောက်ပီ ...။
Jimin တို့အိမ်က ကမ်းခြေနားနီးတာမို့ မရောက်ခင်ကထဲက ပင်လယ်ပြင်ကို ကားလမ်းပေါ်ကနေပင်လှမ်းမြင်နေရသည်။
⏰ 10 min လောက် မောင်းလို့အပြီး
ဟော ... တွေ့ပါဘီ
အဝါရောင်သုတ်ထားတဲ့ နှစ်ထပ်လုံးခြင်းတိုက်လေး ~~~Park Jimin ရေ ... ဘုရားလေးသာ တ ထား .. ငါမင်းတို့အိမ်မှာမွှေဖို့ရောက်လာပီ .. အဟက် 😁
🔊 တီ............ 🔊
ခြံရှေ့ထိုးရပ်ကာ ကားဟွန်းတစ်ချက်တီးလိုက်တော့ တံခါးဖွင့်ကာအပြင်သို့ထွက်လာသည့်လူတစ်ယောက် ~~
စွပ်ကျယ်အနက်ဂျိုင်းပြတ်နဲ့ ကွာတားဘောင်ဘီတို ကာကီရောင် ဝတ်ထားတာကြောင့် နေရောင်အောက်မှာ သွေးစုပ်ဖုတ်ကောင်ကြီး ရပ်နေတဲ့အတိုင်း ဖြူဖြူဖွေးဖွေးကြီး ။
အမြဲတမ်းအိပ်ချင်နေသလားထင်ရတဲ့ မျက်လုံးမှေးမှေးတွေနဲ့ ကျတော့်ကားကိုလာစိုက်ကြည့်နေသေးတာ။
" Hi ! Hyung " 😉
ကားမှန်လေးချကာ မျက်စိတစ်ဖက် မှိတ်ပြရင်းပြောလိုက်တော့
" မင်း....Tae Hyung...ဟာ...ကလေးရေ..ဒီမှာ လာကြည့်ပါအူးဟ ... ဘယ်သူရောက်နေလဲဆိုတာ..ခနလောက်ထွက်ခဲ့အူး "
" Hyung ဘာပြောလိုက်တာလဲ ..သေချာမကြားဖူး ..ဒီမှာ ဟင်းချက်နေတယ် ..အိမ်ထဲလာဝင်ပြော .."
အကြောင်းမကြားဘာမကြားနဲ့ ရောက်ချလာတာမို့ Yoongi hyung က မျက်လုံးအပြူးသားနဲ့ Jimin ကိုလှမ်းခေါ်တော့သည်.။
ထွက်မလာခဲ့တဲ့အိမ်ထဲက ပိစိကောင်ကြောင့် ၂ ယောက်သားအိမ်ထဲဝင်လာလိုက်တော့ တံခါးဝမှာတင်မြင်လိုက်ရတဲ့ မီးခိုးလုံးကြီး။
ဒါတင်မက မီးဖိုခန်းနားရောက်သည့်နှင့် နှာခေါင်းးထဲတန်းဝင်လာတဲ့ ညော်နံ့စူးစူးက ထုံးစံမပျက်ဆီးကြိုနေလေရဲ့ ။
YOU ARE READING
Taekook Land
FanfictionTaekook ( Yaoi ) အတိတ်ကချစ်လျှက်နဲ့ လမ်းခွဲခဲ့ရတဲ့ ကောင်လေး ၂ယောက် Hotel project လေးတစ်ခုကြောင့်ပြန်အဆင်ပြေသွားမှာလား ?? တစ်ယောက်နဲ့တစ်ယောက် မာနချင်းပြိုင်ရာကနေ အနီးကပ်ရှိလာတဲ့ အတွင်းရေးမှုးကောင်မလေးကိုဖဲ Jung Kook ဆို...