Ep 5

584 78 14
                                    

🔊 တီ ........ တီ  🔊


ရုတ်​တရက်​မြည်​လာတဲ့ ကားဟွန်းသံ​ကြောင့်​ ထိုင်​​နေရာမှ ​ကောက်​ခနဲ ..မတ်​တပ်​ထရပ်​မိလိုက်​သည်​။

ဘယ်​သူလဲလို့​မေးစရာမလို​လောက်​​အောင်​ သိ​နေတာ​မို့ ​လှေကားထိပ်​နားပိတ်​ရပ်​​နေတဲ့ Jimin ကို အတင်းဖယ်​ပြီး အ​ပေါ်ကို တက်​လာလိုက်​​တာ အခန်းထဲဘယ်​လို​​​ရောက်လို့ ​ရောက်​လာမှန်း​တောင်​မသိ ..။

ကောက်ခါငင်ကာကြီး...အသက်ရှုဖဲကြပ်လာသလို ..ေ​​မာဖဲ​မောလာသလို .. ​ရင်​တွေတလှပ်​လှပ်​​နဲ့  ​တုန်​လာ​တာ​ကြောင့် ​အခန်းတံခါးပိတ်​ကာ ​​​ဝရံတာဘက်​ထွက်​လာခဲ့လိုက်​သည်​ ..။

ပင်​လယ်​​လေ ဒီ​လောက်​တိုက်​​နေသည့်​ကြား​တောင်​မှ .. အသက်​ရှုရတာ သိပ်​မဝ ...

စောနက ​ပြေးလာတဲ့အရှိန်​​ကြောင့်​လား ဘာလား​တော့မသိ...နှလုံးက အခုထိ အခုန်​မြန်​​နေဆဲ ~

ဘာ​တွေဖြစ်​​နေတာလဲ Kim Tae hyung ​ရေ ..
သူ့ဘာသာသူ ​ရောက်​လာတာကို ဘာလို့်​ အ​ပေါ်​ပြေးတက်​လာမိတာတုန်း ~

Jimin မပြန်​နဲ့ဆိုသည့်​အတွက်​​ကြောင့်​သာ ​နေ​နေရတာ .. လာမယ်​ဆိုတာကြိုသိထား​ပေမဲ့
တစ်​ကယ့်​ တစ်​ကယ်​ ​ရောက်​လာပြီလဲဆို​ကော
ဘာလုပ်​လို့ ဘာကိုင်​ရမှန်းတောင်​မသိ ..

ရီဘဲပြရမလား?
နှုတ်​ဘဲဆက်​ရမလား ?
ခပ်​တည်​တည်​ဘဲ ..နေရမလား ?
ထိုင်​ဘဲ ထိုင်​​နေရမှာလား ? ဘာလုပ်​ရမယ်​မှန်း မသိ​တော့တာ​ကြောင့်​ အ​ပေါ်​ပြေးတက်​လာလိုက်မိသည်​...။

ငါ ..အခုချိန်​ထိ ရင်​ခုန်​​နေတုန်းပဲဆိုတာသာ သိရင်​..
မင်း ငါ့ကို ​လှောင်​​နေမှာလား jung kook ~

ဘာရယ်​​ကြောင့်​မှန်းမသိ jimin နဲ့ Yoongi hyung ​ပြောတဲ့စကား​ကြောင့်​ စိတ်​ထဲကြည်​နူးမိသလို ဘာလိုလိုနက်​ ...

မင်း .. ငါ နဲ့ အဆင်​​ပြေချင်​လို့ လိုက်​လာတာဘဲ ဖြစ်​ပါ​စေ jung kook ရယ်​ ...

" ချလောက်​ "

ကိုယ့်​အ​တွေးနဲ့ ကိုယ်​​ကြည်​နူး​နေလို့မှမဆုံး ...ရုတ်​တရက်​ တံခါးဖွင့်​သံ​ကြောင့်​ အခန်းထဲပြန်​ဝင်​လာ​လိုက်​သည်​..။

Taekook LandWhere stories live. Discover now