ချစ်ခြင်းမေတ္တာတွေကို သေတ္တာငယ်လေးထဲ
သော့ခတ် သိမ်းထားလိုက်တယ် အိုလီဗာ။ဒီတစ်သက် ပြန်ဖွင့်ဖို့လဲ စိတ်ကူးမရှိတော့သလို
ခင်ဗျားကိုလဲ သတိမရချင်တော့ပါဘူး။ဖုန်းကောလ်ထဲက
ရှိုက်သံတိုးတိုးလေးကြောင့် ခင်ဗျားရဲ့
ဆုံးဖြတ်ချက်တွေကို မပြင်ဆင်လိုက်ပါနဲ့ အိုလီဗာ။တီခနဲ ပြတ်ကျသွားတဲ့ ဖုန်းခေါ်ဆိုမှုဟာ
တစ်သက်လုံးစာ ဝေးသွားကြဖို့ လုံလောက်ပါတယ်။ပျော်စရာကောင်းတဲ့ မတိုက်ဆိုင်မှုတွေပဲ
အမြဲတမ်း ထာဝရမှန်နေတာကတော့
ခင်ဗျားနဲ့ ကျွန်တော် ဒီတစ်သက်
်ဘယ်တော့မှ ပြန်တွေ့ကြတော့မှာ မဟုတ်ပါဘူးတဲ့။