မနက်ဖြန်ဆို ခရစ်စမတ်ရောက်ပြီ အိုလီဗာ
ကျွန်တော် ခင်ဗျားဆီက ဆုတောင်းစကားနဲ့
ခရစ်စမတ်လက်ဆောင်ရဖို့ မျှော်လင့်နိုင်သေးရဲ့လား။သိပ်ကိုအေးချမ်းပြီး နှင်းတွေတဖွဲဖွဲ ကျနေတဲ့
ခရစ်စမတ်ညမှာ အလိုချင်ဆုံး လက်ဆောင်ဟာ
ခင်ဗျားဆီက နွေးထွေးတဲ့ ထွေးပွေ့မှု တစ်ခုပါပဲ။ခရစ်စမတ်သီချင်းတွေကို အတူတူသီဆိုဖို့ပဲဖြစ်ဖြစ်
Panettone(Traditional Christmas cake) အတူတူစားဖို့ပဲ ဖြစ်ဖြစ် ကျွန်တော် ခင်ဗျားကို လိုအပ်နေတယ်ဆိုတာ ခင်ဗျားကို သိစေချင်ခဲ့ရုံ။မမြင်နိုင်တဲ့ စိတ်ထဲမှာတော့ ခင်ဗျားကို သိမ်းထားနိုင်ခဲ့ပါတယ် ဒါပေမယ့် သတိရတိုင်း ကျွန်တော့်နာမည်နဲ့ ခင်ဗျားကို ရေရွတ်နေမိတုန်းပဲ။
ဆန်းကြယ်မှုတွေကရော ရပ်တန့်သွားမလား၊
လွမ်းဆွတ်မှုတွေကရော နာကျင်ခြင်း အဖြစ်ပြောင်းလဲသွားမှာလား၊ ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကရော ကျိန်စာများဖြစ်နေခဲ့သလားအဆုံးသတ်ကို ခန့်မှန်းလို့ ရနိုင်ခဲ့တာပဲ
ကျွန်တော်က အခုထိ တဝဲလည်လည်နဲ့
ခင်ဗျားရင်ခွင်ကနေ ပြန်ရမယ့်လမ်းကို မေ့ဖျောက်ထားမိတုန်း၊ ကူကယ်ရာမဲ့တဲ့ အိမ်မက်တွေထဲကနေ ရုန်းထွက်ဖို့ ခက်ခဲနေတုန်း၊
ဖတ်နေကျ စာအုပ်ထဲမှာ ခင်ဗျား နာမည်တွေရေးခြစ်မိနေတုန်း။အင်္ကျီအပြာရောင်လေးက နွေးထွေးမှု
အလုံအလောက် ပေးနိုင်တယ်လို့ မျက်စိစုံမှိတ်ပြီး မညာချင်တော့ပါဘူး အိုလီဗာ။
ဒါပေမယ့်လဲ ကျွန်တော့်နှလုံးသားကိုတော့
အလုံအလောက် နွေးထွေးစေဦးမှာ။အရင်လို မီးလင်းဖိုဘေးမှာ မျက်ရည်တွေ ဝဲနေခဲ့တဲ့
ကောင်ငယ်လေး မဟုတ်တော့ဘူး၊ ခင်ဗျားကို အခက်တွေ့အောင် လုပ်တတ်တဲ့ ကောင်လေးလဲ မဟုတ်တော့ဘူး။ခရစ်စမတ်ညတစ်ညတော့ မေ့ဖျောက်ခဲ့တဲ့ ဖုန်းနံပါတ်တစ်ခုကို ဆက်ပြီး နွေးထွေးနေမယ့် ခင်ဗျားအသံကို ကျွန်တော်ကြားပါရစေ..
"ဟဲလို အေလီယို"။Happy Christmas...