(၁)
အိမ်မက်တွေက ကျွန်တော့်ကို
အသက်ရှူကြပ်စေတယ် အိုလီဗာ။
အေလီယိုလို့ မူပိုင်ခေါ်ဆိုခွင့်တွေ
ပျောက်သွားကတည်းက ကျွန်တော့်ရဲ့
နေ့တွေ ညတွေဟာ ခါးသက်လာတာပဲ။(၂)
ခင်ဗျားကို အိမ်မက်မက်တယ် အိုလီဗာ
ခင်ဗျားက ဖခင်တစ်ယောက်မှာရှိတဲ့
အကြင်နာမျက်ဝန်းတွေနဲ့
ခင်ဗျားရဲ့အမျိုးသမီးနဲ့ ခင်ဗျားရဲ့ကလေးလေးကို
ချစ်မြတ်နိုးစွာကြည့်နေသတဲ့။(၃)
ဒဏ်ရာတွေက အတော်နက်တယ် အိုလီဗာ
ကျွန်တော်ကိုယ်တိုင် တူးဆွခဲ့တဲ့ အနာတရတွေ
နောက်ပြီး ခင်ဗျားပေးခဲ့တဲ့ နာကျင်ဝမ်းနည်းမှုတွေ။(၄)
အီတလီမြောက်ပိုင်း တစ်နေရာ
မြတ်နိုးရတဲ့ ကောင်ငယ်လေးကို စတွေ့ခဲ့တဲ့ နေရာ။(၅)
အိမ်မက်တွေက အသက်ရှူကြပ်စေတယ်တဲ့လား
နှလုံးသားက နာကျင်လိုက်တာ အေလီယိုရယ်။(၆)
ပြန်တူးဆွလို့ မဖြစ်တဲ့ ဒဏ်ရာတွေ
ပြန်ပြီးလွမ်းဆွတ်နေဖို့ မသင့်တဲ့ အတိတ်တွေ