အီတလီရဲ့တစ်နေရာရာမှာ ထပ်တူကျခဲ့ဖူးတဲ့ နှလုံးသားတွေကို ခြေရာကောက်ကြည့်ရအောင်လား
အိုလီဗာ။ အမှတ်တရတွေကို လှမ်းဆွဲတဲ့အခါ နာကျင်စရာကောင်းတဲ့ ပျော်ရွှင်မှုတွေကို ရှာတွေ့တယ်။နှလုံးသားက အသိအမှတ်ပြုခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ
စန္ဒရားတီးရင် ခင်ဗျားကို သတိရတယ်
အိပ်ရာထဲမှာ ခွေနေမိရင် ခင်ဗျားကို လွမ်းတယ်။
ခင်ဗျားရဲ့နှလုံးသားရပ်ဝန်းထဲမှာ ထာဝရ နေချင်ခဲ့တယ်ဆိုတာ ခင်ဗျားကို သိစေချင်တယ်။အရင်လို ဖုန်းမဆက်ဖြစ်တော့တာကလွဲလို့
ခင်ဗျားအကြောင်းတွေကို စာအုပ်ထဲ ချရေးနေမိတုန်းပဲ
ခင်ဗျားမုန်းသွားမှာကို သေမလိုကြောက်နေတတ်တုန်းပါပဲ။
လူတွေကြားထဲ ခင်ဗျားကို လိုက်ရှာမိတယ်
အမျိုးသမီးတစ်ယောက်ကို ပွေ့ဖက်လို့ ကခုန်နေတာကို
မြင်ရတာ သိပ်ပြီး အဆင်မပြေလှဘူး အိုလီဗာ။ပျော်ရွှင်မှုကို ရှာဖွေတဲ့အခါမှာ ခင်ဗျားကို ပြေးမြင်တယ်
အိုလီဗာ ဘယ်မှာရှိနေမလဲလို့ မေးမိတဲ့အချိန်တိုင်း
ပြန်လည်ရရှိတဲ့ အငြင်းဝါကျတွေကို ခါးသီးချင်လာတယ်။
စာရွက်အပိုင်းစလေးတွေကို မြင်တိုင်း
သတိရလာတတ်တဲ့စိတ်ကို ရင့်ကျက်စမ်းပါလို့ဆိုတဲ့
စကားနဲ့ ဖြေဖျောက်တယ်။အဆင်မပြေပါဘူးလို့ ရေရွတ်ရင်း
အဆင်ပြေသွားတတ်တဲ့ ကိစ္စတွေမှ မဟုတ်တာ
နင့်နင့်နဲနဲသတိရတိုင်း ခင်ဗျားရင်ခွင်ဆီ ခေါင်းတိုးဝင်ပစ်ချင်တယ်
အေလီယို အေလီယို အေလီယို
ကျွန်တော့်နာမည်နဲ့ အော်ခေါ်သံတွေ ခင်ဗျားကြားပါစေ။