ဝေးတယ် ဝေးကြတယ် အဝေးဆုံး ဝေးလို့လေ
သစ္စာတရားကြောင့်ဆိုတာထက် ခင်ဗျားကြောင့်ပဲ ရှင်သန်နေနိုင်ခဲ့တယ်။ ချစ်တယ် ချစ်နေဦးမယ်။ ထပ်တူညီနေတဲ့ စကားတွေပဲပေါ့။
ခင်ဗျားမကြားနိုင်လဲ ရေရွတ်နေဦးမယ်။ကျွန်တော့်စိတ်ကို ဖတ်တဲ့အချိန်တိုင်း
နီစွေးသွားတတ်တဲ့ ခင်ဗျားပါးပြင်ကို သဘောကျတယ်။
ရထားပေါ်ကနေ လှမ်းကြည့်ခဲ့တဲ့ မျက်ဝန်းတွေက
နောက်တော့ နောက်တော့ ပြန်တွေ့ကြရအောင်လို့
နှုတ်ဆက်ခဲ့သလိုပါပဲ။ခင်ဗျားစီးခဲ့တဲ့ စက်ဘီးလေးကလဲ လွမ်းဆွတ်ခြင်းကို ပေးစွမ်းနိုင်တယ်။ ရေတံခွန်က ရေကျသံတွေကြားထဲ
ခင်ဗျားနဲ့ကျွန်တော်ရဲ့ ရယ်မောသံတွေ၊ အိုလီဗာလို့ နူးနူးညံ့ညံ့ ခေါ်သံတွေ၊ တောက်ပခဲ့တဲ့ အပြုံးတွေ
အိမ်မက်မဟုတ်ခဲ့တဲ့ အိမ်မက်တွေ
ခင်ဗျားတည်ရှိခဲ့တဲ့ အတိတ်တွေကို သိပ်လွမ်းတယ်။နောင်ဆယ်စုနှစ် ဒါမှမဟုတ် ရာစုနှစ် တစ်ခုကြာသွားခဲ့တဲ့အချိန်မှာပေါ့ အရင်လို ဖုန်းကောလ်တစ်ခုကို မျှော်နေတတ်တဲ့ ကောင်ငယ်လေးတစ်ယောက်ရဲ့ စိတ်မျိုးနဲ့ပဲ ရှင်သန်နေမိဦးမလားဆိုတာ ကျွန်တော် မတွေးရဲခဲ့ဘူး အိုလီဗာ။