အပိုင်း ၁

1.3K 62 9
                                    

5 , June , 2013

သူနဲ့ စ​တွေ့ဖို့အ​ကြောင်းဖန်​လာတဲ့ ​နေ့ပါပဲ။

မိုး​တွေတဖွဲဖွဲကျ​နေတာကို ဂရုမစိုက်​ပဲအိမ်​အပြင်​ကို ထွက်​မိခဲ့တဲ့​နေ့​။ရှုပ်ရှက်ခတ်နေတဲ့ လူ​တွေကြားထဲမှာ အဝါနု​ရောင်​ထီး​လေးနဲ့ လမ်း​လျှောက်​လာခဲ့တဲ့ သူ့ကို သတိမထားမိပဲ ​နေခဲ့ရမှာ။ ကိုယ်​ဘယ်​​လောက်​​တောင်​ စိုက်​ကြည့်​​နေခဲ့မိလို့လဲမသိ​တော့ဘူး။ အဝါ​ရောင်​​လေးက ကိုယ့်​ကိုပြုံးပြ​နေခဲ့တာပဲ။

အိမ်​က​နေ ဘာအ​ကြောင်း​ကြောင့်​ထွက်​လာခဲ့လဲဆိုတာ ​မေ့ပြီး​တော့ မင်း​နောက်​ကိုပဲတစ်​​ကောက်​​ကောက်​လိုက်​ရင်း အိမ်​ပြန်​​နောက်​ကျခဲ့တဲ့ အဲဒီ့​နေ့​လေးက တကယ့်​ကိုမ​မေ့ချင်​စရာ အမှတ်​တရ​လေးတစ်​ခုပဲ။

5 , July , 2013

ထူးဆန်းစွာနဲ့ပဲ ဂျူလိုင်​ရဲ့ မိုးဖွဲဖွဲ​လေး​အောက်​မှာ မင်းကိုထပ်​​တွေ့တယ်​။ 5ရက်​​နေ့မှာပဲ။ ဒီ​နေ့လည်း မင်းကအဝါ​ရောင်​ထီး​လေးနဲ့ပဲ။ ကားဂိတ်​မှာရပ်​​စောင့်​ရင်း မိုးဖွဲ​လေး​တွေကို ကြည့်​​နေတဲ့မင်းက ကိုယ့်​ကို​တော့မမြင်​ခဲ့ဘူးထင်​တယ်​။ ကိုယ်​မင်းကို တစ်​ချိန်​လုံး ကြည့်​​နေခဲ့တာ​တောင်​မှ​လေ။

အနီးကပ်​ကြည့်​လိုက်​​မှ မင်းမျက်​ဝန်း​လေး​တွေ​သေချာ​တွေ့ရတယ်​။ က​လေး​လေးလိုပဲဖြူစင်​တယ်​။

7 , July , 2013

ဖူးစာ / ​ရေစက်​။

8 , July , 2013

9 , July , 2013

10 , July , 2013

31 , August , 2014

30 , June , 2014

5 , July , 2014

သတိရတယ်​ အဝါ​ရောင်​​လေး။

7, July , 2014

....

စာရွက်​အလွတ်​​တွေသာ များတဲ့စာအုပ်​ခပ်​နွမ်းနွမ်း​လေးတစ်​အုပ်​။ကိုယ်ထိုင်တဲ့ ခုံ​​​ပေါ်ကို လာတင်​ထားတဲ့ ဒိုင်​ယာရီလိုလို စာအုပ်​က​လေးမို့ဖတ်​မကြည့်​ဖို့ လုပ်​ထား​ပေမဲ့ မျက်​နှာဖုံးမှာ​ရေးထားတဲ့ စာ​လေး​ကြောင့်​ဖတ်​ကြည့်​မိလိုက်​တာ။ ''ကိုယ့်​ရဲ့ အဝါ​ရောင်​​လေး မင်းအတွက်​'' တဲ့​လေ။

Y.E.L.L.O.W Boy And Secret BoyWhere stories live. Discover now