နေရောင်စူးစူးက မျက်နှာပေါ်ကျလာတာကြောင့် ထယ်ယုံးတစ်ယောက် မထချင်ပါပဲလူးလွန့်ပြီး ထလိုက်ရသည်။ စောင်ပါးပါးကိုခွာချလိုက်ရင်း တစ်ဖက်ကိုငုံ့ကြည့်တော့ ငြိမ်းချမ်းစွာပဲ အိပ်စက်နေတဲ့ အသဲကျော်လေး...။
သူ့နှဖူးပေါ်မှာကျနေတဲ့ ဆံပင်လေးတွေကိုသပ်တင်ပေးတော့ မျက်တောင်မွှေးခပ်တိုတိုလေးတွေက လှုပ်ရှားလာသည်။ အသဲယားစွာနဲ့ပဲ သူ့မျက်ခွံလေးကိုငုံ့နမ်းရင်း ဒါကအိပ်မက်မဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းလိုက်သည်။
အအိပ်ဆတ်ပြီး စိတ်တိုတတ်တဲ့ကလေးက ကဗျာဆန်လို့မရ။''ဘန်း'' ခနဲလက်တစ်ဖက်က လာရိုက်ရင်း တစ်ဖက်ကိုလှည့်အိပ်ပြန်သည်။ သူခြုံထားတဲ့စောင်ပိုင်းထဲကို လက်လျိုပြီး ပိန်သေးသေးသူ့ခါးလေးကို တိုးဖတ်ရင်း...။
အိပ်မက်တွေကအမြဲတမ်းလှသည်။
သူနဲ့ဆိုရင်ပေါ့...။
_______
''ငါ...နှိုးရမှာလား ''
''မသိဘူးလေ မင်းနှိုးလိုက်ပေါ့ ''
''ဘာလဲဟ အရူးလိုပဲ''
ကျွတ်စီ ကျွတ်စီနဲ့အသံတွေက စိတ်ရှုပ်စရာငှက်သံတွေလို ကျလိ ကျလိနဲ့။အနားကပ်ပြီး လှုပ်ရှားနေသံတွေကြားပေမဲ့ မျက်လုံးတွေကစိတ်အလိုမလိုက်စွာပဲ ဖွင့်မရ။
''အီထယ်ယုံး...''
သူ့အသံ ? သေချာပါတယ်... သူ့အသံပဲ။
မျက်လုံးတို့ဖွင့်လိုက်တာနဲ့ မြင်လိုက်ရတာက ကိုယ့်ကိုစူးစိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းလေးတွေ။ ကြည့်ရတာတော့ ဒီတစ်ခါအိပ်မက်က အတော်ရှည်တဲ့ပုံပဲ။
''အချစ်လေး...ဒီကိုလာပါဦး ''
ပိန်သေးသေးသူ့ကိုယ်လေးကို ဆွဲဖက်တော့ လာဗင်ဒါရနံသင်းသင်းလေးက နှာခေါင်းထဲတိုးဝင်လာသည်။ အား... သဘောကျလိုက်တာ...! သူ့နှဖူးလေးကို ခပ်ဖွဖွအနမ်းပေးရင်း။