ကျောင်းကပြန်ရောက်တာနဲ့ ရေမိုးချိုးပြီး လမ်းထိပ်ကကုန်စုံဆိုင်ဘက်ထွက်လာခဲ့သည့်အချိန်ထိ အခြေအနေတွေအားလုံးက ပုံမှန်အတိုင်းပင်ဖြစ်သည်။
ဆိုင်ကိုရောက်တာနဲ့ ခေါက်ဆွဲတွေထားတဲ့ဘက်ကို အရင်သွားရင်း တွေ့မိလိုက်တာက စာအုပ်လေးတစ်အုပ်။ အောက်ကျနေတာတော့မဟုတ်...။ကျောပေးထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အိတ်ထဲကနေတစ်စွန်းတစပေါ်နေတဲ့ စာတန်းလေး...။ Track...?
''အင်း ခဏနေရင်လာခဲ့မှာပါဆို အဲ့ကျမှတွေ့မယ်လေနော်''
စူးရှရှအသံထွက်လာတဲ့ သူ့အသံကြောင့် အနည်းငယ်တော့လန့်သွားမိသည်။ ကျောထိရှည်ပြီး နက်မှောင်တဲ့ဆံပင်တွေရှိတဲ့ မိန်းကလေးအသံက တခြားသူတွေလိုချွဲနွဲ့မနေပဲ မာဆတ်ဆတ်နဲ့။ ကိုယ့်အတွေးကိုလန့်နေရင်း ပြုံးမိပြန်ပြီ။
''ဒိုယောင်းဂီ ''
''ဗျာ? ''
ဒီရပ်ကွက်ထဲမှာ သိတဲ့သူများတာကြောင့် နှုတ်ဆက်မဲ့သူများတာ သိပေမဲ့ ထင်မှတ်မထားတဲ့သူက ခေါ်လိုက်တာကြောင့် အနည်းငယ်တော့လန့်သွားမိသည်။ ခုနကမိန်းကလေး? အနီရဲရဲနှုတ်ခမ်းလွှာတွေနဲ့ eye linerဆိုးထားတဲ့ သူ့မျက်ဝန်းတွေ မှေးမှိတ်သွားအောင် သူကပြုံးပြရင်း မေးသည်။
''သြော် ဟုတ်သားပဲ အခုတော့မသိလောက်သေးဘူးပေါ့ နောက်တော့သိလာမှာပါ ''
သူယူထားတဲ့ ပစ္စည်းအိတ်ကိုသေချာပြန်ကိုင်ရင်း သူ့ဘာသာပြောနေပြန်သည်။ သူ့ကြည့်ရတာကျနော့်ကို လုံးဝသိနေပုံနဲ့။
''နောက်မှတွေ့မယ်နော် ဒိုယောင်းဂီလေး''
နှုတ်ဆက်ပြီးသွက်လက်တဲ့ခြေလှမ်းတွေနဲ့ ထွက်ခွာသွားတဲ့ သူမကိုနားမလည်နိုင်စွာငေးကြည့်နေတုန်း သူမကတော့ကားတစ်စီးပေါ်တက်ပြီး လိုက်ပါသွားပြီ။
'' Seulgi Track ''
''ဟမ် ?''
''ဒိုယောင်းကသိမှာမဟုတ်ဘူး သူကဟိုဘက်လမ်းကလေ၊ ဒီဘက်လမ်းကိုခဏခဏ လာတတ်တယ်''