အမှိုက်ပုံးထဲကနေ ပြန်ရတဲ့စာတွေထဲမှာ တွေ့ရတာတစ်ခုက Track ဆိုတာပဲ။ စာအဆုံးတိုင်းမှာရေးလေ့ရှိတာကြောင့် သူ့နာမည်လို့ထင်မိပေမဲ့ ထူးဆန်းလိုက်တာ။ Tracyလည်း မဟုတ်ပဲ Trackတဲ့လား...။
ပြီးတော့ နောက်တစ်ခုက...။
(ဘာမှမဟုတ်ဘူး ရီချင်နေလို့...)
ကျောင်းလာတာ စောနေတဲ့အတွက်ကြောင့် အတန်းထဲမှာ ဘယ်သူမှမရှိ။ အခန်းထဲဝင်ပြီးထိုင်နေမလို့လုပ်ပေမဲ့ အီထယ်ယုံးကိုလှမ်းမြင်လိုက်တာကြောင့် သူ့ဆီပဲထွက်လာခဲ့တော့သည်။
''ဟိုကောင်တွေရော...''
သူနဲ့အတူလာမှာမဟုတ်တာ သိပေမဲ့ ပြောစရာစကားမရှိတာကြောင့် တွေ့ရာလျှောက်ပြောလိုက်မိသည်။ပုခုံးကို လှမ်းပုတ်ပြီး မေးလိုက်တော့ သူကလန့်သွားပုံပေါ်သည်။
''သူတို့က နောက်ကျမှလာမယ်ထင်တယ်''
''အင်း မင်းကဘာလို့အစောကြီးလာတာလဲ''
''ဒီလိုပါပဲ ''
ဘာမှမရှိပဲဘက်ကိုပဲ ပြန်လှည့်သွားပြီး သူကစကားတစ်ခွန်းမှတောင် ထပ်မပြောတော့။ ချေလိုက်တာ ရေခဲတုံး...။ဟိုကောင်တွေနဲ့ဆို အမြဲရယ်မောနေပြီးတော့။
''ထယ်ယုံး မင်းကငါ့ကို မုန်းနေတာလား...''
''ဟမ် ''
''ဘာမှမဟုတ်တော့ဘူး သွားပြီ ''
နေရာကနေထပြီး နှုတ်ခမ်းတစ်တောင်လောက် ဆူသွားသော သူ့ကိုကြည့်ပြီး ထယ်ယုံးပြုံးလိုက်မိသည်။