baek သူ လက်ဆောင်တွေ ရနေသည်မှာ ၁လတောင်ရှိနေပြီ ဘယ်သူက ပို့မှန်းလည်းမသိ ပါလာတဲ့ စာတွေမှာလည်း 'your future boyfriend'လို့ဘဲရေးထားတယ် ပို့တဲ့သူကိုလည်း သိတော့သိချင်သား တစ်ပတ်တစ်ခါ ဗုဒ္ဓဟူးနေ့တိုင်း ရောက်လာတတ်သည်။
ဒီနေ့ ဗုဒ္ဓဟူးနေ့ မနက်အိပ်ရာထကတည်းကမျှော်နေမိတာ အခုညထိဗျ ရှုတင်မှာလည်း စိတ်ကအဲ့ဆီဘဲ ရောက်နေလို့ ခဏခဏအမှားတွေလုပ်မိနေတာ directorကြီးကတောင် အံ့သြနေသေးတယ် တစ်ခါမှအမှားမလုပ်ဖူးတဲ့လူက ဒီနေ့ကအမှားတွေခဏခဏ လုပ်နေလို့တဲ့ အာ့ကြောင့် ရှုတင်နားခဲ့ရတယ်
ဒါမယ့် ညတောင်ရောက်သွားပြီ အခုထိမလာသေးဘူး
'ဟူး....ဒီနေ့တော့ မလာတော့ဘူးထင်ပါတယ် အိပ်တာဘဲကောင်းပါတယ်'
baekကို့်ကိုယ်ကို ညည်းတွားရင်း
မျက်စိကိုအတင်းမှိတ်ပြီး အိပ်ပျော်ရန် ကြိုးစားလိုက်တယ်'တီတီ တီတီ'(နှိုးစက်မြည်သံ)
'ဝါး....'ဟု သန်းရင်း baekအိပ်ရာမှ နိုးလာခဲ့တယ်
'ဘယ်အချိန်ရှိ?? ဟင် ဆယ်နာရီ!!!ဟာ hyungက မနှိုးဘူးလား?'
'bakeလေး ဒီနေ့ တနင်္ဂနွေနေ့ပါ '(နှိုးစက်နာရီမှ ထွက်လာသောအသံ)
'အမေ့!!လန့်တာ'
'ဟာ,,,hyungကတော့လုပ်ချလိုက်ပြန်ပြီကွာ'baekလည်း ပြန်အိပ်မလို့ လှဲလိုက်ရော
'baekလေး ပြန်မအိပ်နဲ့တော့ ထပြီး ရေချိုး အဝတ်အစားလဲ မနက်စာ စားပြီး လမ်းလျှောက်သွားရပါမယ်
ထပါတော့ ထပါတော့ ထပါတော့....'baek စိတ်မရှည်တော့ဘဲ နှိုးစက်ကို ပိတ်ပစ်လိုက်တယ်။ ထပ်အိပ်လို့လည်း မရတော့တာနဲ့ hyungပြောသလို
ရေချိုး အဝတ်အစားလဲ မနက်စာ စားပြီး လမ်းလျှောက်သွားလိုက်တော့တယ်ဒီနေ့ တနင်္ဂနွေနေ့ ရုံး/အလုပ်/ကျောင်းပိတ်ရက်ဆိုတော့ မိသားစုတွေနဲ့ ပန်းခြံမှာ စည်ကားနေတယ် baek လမ်းလျှောက်နေရင်း ရုတ်တရက် လူတစ်ယောက်နဲ့ဝင်တိုက်မိတယ် သူ အနောက်ကိုလဲကျတော့မယ့်အချိန်မှာ
baekကို chanက ခါးကနေလှမ်းဖက်ပြီး ဖမ်းထားလိုက်တယ်
