ZawgyiBaek သတိထားမိလာတယ်။ Chanyeol hyungရဲ့ သူ့အပေါ် အပြုအမူတွေကို။ အစကတော့ မသိသာပေမယ့် ခုနောက်ပိုင်းတော်တော်သိသာလာတယ်။ baek သိပါတယ် LGBTကို။ နားလည်းလည်ပါတယ်။ သူက straight ကိုယ့်ကိုကို သိတယ်။ ဒါမယ့် သူ Chanyeol hyungနဲ့တွေ့ရင် ရင်ခုန်သံတွေကို ချုပ်ထိန်းဖို့ အရမ်းခက်တယ်။ Chanyeol hyungရဲ့ ဘာမှမဟုတ်တဲ့ အပြုအမူလေးတစ်ခုကတောင် သူ့ကို ရင်ခုန်စေတယ်။ သူ့ဘာလုပ်ရမလဲဆိုတာမသိတော့ဘူး။ ဒီတစ်ပတ်နားရက်ကျရင် Chanyeol hyungက သူနဲ့တွေ့ဖို့ ချိန်းထားတယ်။ သူရိပ်မိပါတယ်။ အဲ့နေ့ကျ သူ့ကိုဖွငိ့ပြောမယ်လို့။ တစ်ကယ်လို့ ဖွင့်ပြောခဲ့ရင် သူဘာလုပ်ရမလဲ။ နှလုံးသားရဲ့အလိုကို သိပေမယ့် ဦးနောက်က ကန့်ကွက်တယ်။ မဖြစ်နိုင်ဘူး။
Baek တွေးရင်းနဲ့ တစ်ဖြည်းဖြည်း အိပ်ပျော်သွားတယ်။Sunday.....(Baekရဲ့ အလုပ်နားရက်)
Baek အားလုံး ပြင်ဆင်ပြီးသွားပြီ။ သူရင်တွေ အရမ်းခုန်နေတယ်။ Ent:မှာ လူရွေးပွဲသွားတုန်းကတောင် ဒီလောက်ရင်မခုန်ဘူး။
Baekမှန့်ရှေ့မှာ ရပ်ရင်း
'ဟူး... relax... relax baekhyun မင်းဘာမြှဖစ်စရာမလိုဘူး။ Chanyeol hyungနဲ့ တွေ့ဖို့သွားတာပဲကို။ သူက ဖွင့်ပြောချင်မှဖွင့်ပြောမှာလေ။ မသေချာပါဘူးကွာ။'
အဲ့လိုလည်း တွေးလိုက်ရော ၀မ်းနည်း
လာသလိုပဲ။'ကဲ...ခု ချိန်သွားမှ ကွက်တိရောက်မှာ။ Fighting Baekhyun...karja...'
..................
Chanyeol ရင်ခုန်နေတယ်။ သူဒီနေ့ baekကိုဖွင့်ပြောတော့မယ်လေ။ ကို့ကိုယ်ကိုလည်း ရယ်ချင်တယ်။ ချစ်ခွင့်ပန်ဖူးတာ ဒါပထမဆုံးမှမဟုတ်ပဲလေ။ ပြီးတော့ ဒါက အလုပ်လုပ်နေတာလေ
ဘာမှ ရင်ခုန်စရာမလိုပါဘူး။Chanyeol သူ့ကိုယ်သူ ခေါင်းငုံ့ပြီး ပြန်ပြောနေရင်း မျက်လုံးရှေ့ကိုရောက်လာတဲ့ ဖိနပ်တစ်စုံ ပြီးတော့ ဂျင်းဘောင်းဘီဝတ်ထားတဲ့ သေးသွယ်လှသောခြေထောက်လေး တစ်ဖြည်းဖြည်းနဲ့ မျက်နှာလေးကိုအရောက် သူ့ ကမာကြီး ရပ်တန့်သွားသလိုကို ခံစားလိုက်ရတယ်။ သူရှေ့မှာ ရပ်ပြီး သူ့ကို အလှပဆုံး ပြုံးပနေတဲ့ baekရယ်ပါ။
