တံခါးလည်းဖွင့်လိုက်ရော
'Anyeon ကိုယ်က kim suho နေရာမှာ အစားထိုးလုပ်မဲ့သူပါ '
'ဟင် ခင်ဗျား'
'inn…ဟုတ်တယ် ဟိုတစ်ခါ ပန်းခြံမှာတွေ့ဖူးတယ်နော်'
chanပြုံးစိစိနဲ့ မေးလိုက်တော့ baekမျက်နှာပန်းရောင်သန်းသွားတယ်။ ပြီးတော့ တစ်ဆက်တည်း ပန်းခြံမှာ ဖြစ်ခဲ့တဲ့ ကိစ္စကိုပါ ပြန်တွေးမိသွားတယ်။
baek'pov;arr...hyungရာ လုပ်ချလိုက်ပြန်ပြီဗျာ ကျွန်တော် သူနဲ့တစ်လကျော်လောက် ဘယ်လိုများ အတူတူအလုပ် လုပ်ရပါ့မလဲနော်??
baekတစ်ယောက်တည်း ခေါင်းခါလိုက် ခေါင်းညိမ့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်ကို chanကြည့် ပြီး သူ့ကိုသူတောင်မသိဘဲ ပြုံးမိသွားတယ်
'ဟေ့ ဘာတွေစဉ်းစားနေတာလဲ ကိုယ့်ကို ဒီတိုင်းကြီးဘဲ ရပ်ခိုင်းတော့မှာလား အိမ်ထဲပေးမဝင်တော့ဘူးလား'
အဲ့ကျမှ baekလည်း အတွေးလွန်နေရာမှ သူ့ကို အိမ်ထဲပေးမဝင်ခိုင်းဘဲ ရပ်နေခိုင်းမိသညိကို သတိရကာ
'အော် ဝင်လေ'
'ဒီနေ့က ကျွန်တော့ နားရက်ဆိုတော့ ဘာမှလုပ်စရာမလိုသေးဘူး ပြီးတော့…'
'Beautiful Beautiful kkochipeul dalmeun'
'ခဏနော်'
'Hello!baekလေး hyung ခေါ်ပေးတဲ့လူ ရောက်နေပြီးလား'
'inn'
'ဘယ်လိုလဲ အဆင်ပြေလား'
'hyungရာ ဘယ်လိုကနေ ဘယ်လိုသိပြီး သူ့ကိုမှ ခေါ်လိုက်တာလဲဗျ'
'အော် သူက hyungသူငယ်ချင်းရဲ့ ညီတစ်ဝမ်းကွဲလေ အာ့နဲ့ သူက သူ့ညီလည်း ခုလောလောဆယ် အလုပ်မရှိသေးဘူး အားနေတယ်လို့ ပြောတာနဲ့ hyungလည်း ခေါ်လိုက်တာ ဘာလို့လဲ hyungတော့ အဆင်ပြေပါတယ် သူ့ကြည့်ရတာလည်း ရည်ရည်မွန်မွန်လေးဆိုတော့လေ'
hyungရဲ့ ဖြေရှင်းသံ အဆုံးမှာ သက်ပြင်းသာ ချလိုက်မိတော့တယ် hyungကလည်း ၁ရက်၂ရက်လောက်နေရင် သွားရတော့မှာဆိုတော့ သူhyungကို သူ့ကြောင့်နဲ့ စိတ်မညစ်စေချင်တော့ပါ
'ဟုတ် အဆင်ပြေပါတယ် hyung ခုတော့ hyung baekအိမ်ကိုလာခဲ့ဦး ဒီနေ့ baekရဲ့ နားရက်လေ သူလည်း ဘာမှလုပ်စရာ မရှိသေးဘူး အဲ့တော့ hyungက သူလုပ်စရာရှိတဲ့ အလုပ်တွေကို လာသင်ပေးလှည့်ဦးလေ'
