Part-18(Z and U)

4.9K 791 118
                                    

(Zawgyi)
အားယူစရာမလိုပဲ အလိုလိုပွင့်​လာ​သောမျက်​လုံး။ စတင်​ဝင်​​ရောက်​လာတာက ခပ်​ပြာပြာမျက်​နှာကျက်​။

ဘေးဘက်​က စားပွဲတင်​နာရီက နံနက်​၆နာရီကိုညွှန်​ပြ​နေသည်​။ အိပ်​ရာကထလိုက်​ပြီး ​စောင်​ကို ကုတင်​​အောက်​​ခြေမှာ ထားလိုက်​သည်​။

လက်​လှမ်းမှီ​နေတဲ့ ​ခေါင်းရင်းပြတင်းတံခါးဆီကလိုက်​ကာစကိုလှမ်းဆွဲကာ အနည်းငယ်​ဟလိုက်​​တော့ နံနက်​ခင်း​လေညှင်းက မျက်​နှာအနှံ့တိုက်​ခတ်​သွားသည်​ကိုခံစားရ၏။

ခြေလှမ်းတို့ကို သန့်​စင်​ခန်းဆီသယ်​သွားလိုက်​ပြီး မျက်​နှာသစ်​ရန်​လုပ်​သည်​။ သွားတိုက်​ သန့်​ရှင်း​ရေးလုပ်​ပြီး​တော့ အခန်းအပြင်​ထွက်​လာ၏။

ဘာသာပြန်​ဝတ္ထုတစ်​ပုဒ်​ကို​ဘေးမှာ​မှောက်​ချထားကာ ခုံ​စောင်း​ပေါ်​ခေါင်း​မှောက်​အိပ်​​ပျော်​​နေတဲ့Daddy။ မျက်​နှာထက်​က ပုံစံပျက်​​နေတဲ့ မျက်​မှန်​ကိုအသာဆွဲချွတ်​​ပေးလိုက်​ပြီး ခုံ​ပေါ်တင်​ထား​ပေးလိုက်​သည်​။ ​စောင်​အပါးတစ်​ထည်​ကိုပခုံးထက်​က​နေလွှမ်းခြုံ​ပေးလိုက်​ပြီး မီးဖိုခန်းဖက်​ဝင်​လိုက်​၏။

ပေါင်​မုန့်​အဖြူတစ်​ချပ်​ကို​ထောပတ်​သုတ်​ပြီး တခြားတစ်​ချပ်​ကို​တော့အလွတ်​ထားလိုက်​သည်​။ Daddyက ဆီးချို ​သွေးချိုရှိတာမို့ Sugar free coffee​လေး​ဖျော်​ထားပြီး မီး​ဖိုထက်​​မီး​အေး​အေးနှင့်​​နွေးထား​ပေးလိုက်​သည်​။

ထောပတ်​သုတ်​ပြီးသား ​​ပေါင်​မုန့်​တစ်​ချပ်​ကို​ကောက်​ဝါးလိုက်​ပြီး ပါးစပ်​ထဲတိုးလို့တန်းလန်းနှင့်​ပင်​ အသား​ရောင်​ သား​မွေး​တွေခင်းထားတဲ့ ဆိုဖာထက်​က အိတ်​အမဲကို​ကောက်​လွယ်​ပြီး အပြင်​ထွက်​ရန်​ပြင်​သည်​။

နံနက်​​စော​စောရဲ့ ဘာအရသာမှမပါတဲ့​လေညှင်း​ကြောင့်​ လူကလန်းဆန်းလာသလို။အိမ်​နံရံကိုကပ်​​ထောင်​ထားတဲ့​ခေါက်​စက်​ဘီး​လေးကို ဖြန့်​ပြီး စီးနင်းလိုက်​​တော့ ​လေ​ပြေနု​တွေ​ကြောင့်​ ပုံသွင်းမလာမိနဲ့ဆံပင်​​တွေ​ဝေ့ဝဲကုန်​တာခံစားရသည်​။

Producer (COMPLETED)Where stories live. Discover now