Part-32(Final)(Z and U)

9.5K 804 66
                                    

(Zawgyi)
အချစ်လို့ ယုံကြည်ထားတဲ့အရာက အချစ်မဟုတ်တာမျိုး
ဒါမှမဟုတ် ကိုယ်တိုင်က အချစ်ကိုနားမလည်တာမျိုး။

ဘယ်တော့မှ လွှတ်မှာမဟုတ်ဖူးထင်ခဲ့သော လက်ဆီကလွတ်ရတဲ့အခါ ရပ်တည်နိုင်စွမ်းမဲ့ ပြုတ်ကျသွားရသလို၊ အမြဲတစေယုံကြည်ထားမိတဲ့ ချစ်ခြင်းမေတ္တာတွေအပေါ် သံသယဝင်လာတဲ့အခါ ကြောက်စရာအကောင်းဆုံး ဝေဒနာကိုခံစားရသည်။

တစ်ဦးတစ်ဖက်ထဲချစ်ရတဲ့အခါ ဘယ်လောက်များပင်ပန်းသလဲ။ တစ်ယောက်ယောက်လက်ကိုဆွဲကိုင်ဖို့ရာအတွက် ဘာလို့များခက်ခက်ခဲခဲရှိနေရတာလည်း။

ကုန်သွားတဲ့အချိန်ကာလတွေကြားထဲ သူဟာကိုယ့်အပေါ် ဘယ်သောကာလက ချစ်ခြင်းတွေပယ်ဖြတ်ခဲ့သလဲတွေးမိသောအခါ သိမ်ငယ်ရသည်။

အပူအပင်တွေဟာ ပြောစရာမလိုပဲ လောကမှာနေရာယူတတ်ကြပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရဖို့အတွက်ကြတော့ စမ်းသပ်ချက်တွေကများလိုက်တာ။

မျှော်လင့်ရင်း အသက်ရှင်ဖို့ပြောနေကြတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကရော မျှော်လင့်ချက်မဲ့တာမျိုးကြုံဖူးကြလေမလား။

ကိုယ်အသက်ရှင်နေတာ ဘာလို့ရယ်မှန်းမသိလောက်အောင်၊
ကိုယ်လိုချင်ခဲ့တဲ့ တပ်မက်မှုတွေက ဘာမှသောက်ရေးမပါတာလားတွေးမိတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ နာကျင်ပစ်လိုက်စေချင်သည်။

အရာရာကို တိတ်တဆိတ်လေးနဲ့ အကုန်လုံးဆီကနေ ခွဲခွာထွက်ပြေးသွားသင့်သလား။ ဟင့်အင်း.....ကြည့်ရအုန်းမဲ့ မျက်နှာပေါင်းများစွာကရှိသေးသည်။ဒါပေမဲ့ ကိုယ့်နာကျင်မှုတွေကရော။ ဘာကိုရွေးရွေး နောင်တပဲ ကျန်မဲ့ အခြေနေမျိုးမှာတောင် ရွေးချယ်ရခက်နေတဲ့အခါ ကိုယ့်ကိုယ်ကိုသာ ဟားတိုက်ပစ်လိုက်ချင်သည်။

အားလုံးပြည့်စုံနေတယ်ထင်ပေမဲ့ လိုအပ်ချက်တစ်ခုထဲအတွက် ဘဝတစ်ခုလုံးကုန်ဆုံးပစ်လိုက်ချင်တယ်ဆိုတာ သောက်ပေါဆန်ပေမဲ့ ဖြစ်နိုင်တာပဲမို့လား။

"ချစ်တယ်ဆိုတာကလွဲ ပြီးပြောပါတဲ့.....ဟက်....ငါ့မှာအဲ့စကားကလွဲရင်ဘာပြောစရာရှိလို့လည်း"
နံရံထက်က အပြုံးနုနုပိုင်ရှင်အား လက်ညှိုးထိုးကာ ခပ်လေးလေးပြောပစ်လိုက်သည်။

Producer (COMPLETED)Where stories live. Discover now