Part-29(Z and U)

4.5K 659 78
                                    

(Zawgyi)

"အာညော် Jun Myeon"
တစ်ဖက်က ပြန်ပြောလာတဲ့ အသံကြောင့် Jun Myeonသွားစိရုံပြုံးပြလိုက်ရသည်။

Blobကိုရောက်ရောက်ချင်း Xingရှိရာဆီလာခဲ့တာဖြစ်သည်။Daddyပြောသလို တောင်းပန်တာပဲဖြစ်ဖြစ်လုပ်လိုက်ရမှစိတ်ပေါ့သွားမည်ထင်တာကြောင့်ပင်။

Xingရဲ့ Practice roomကိုလာတော့ အခန်းထဲကထွက်လာကြတဲ့ Dancerတွေနဲ့အတူပါလာတဲ့ Xingမန်နေဂျာအစ်ကိုနဲ့စကားပြောဖြစ်ကြသေးသည်။

အဲ့နေ့ကအကြောင်းကို သိတာ Xingမန်နေဂျာရယ်၊Luhanရယ် ကာယကံရှင်တွေဖြစ်တဲ့ Xingနဲ့သူရယ်သာ။

"Yixingကဘက်ကလည်း အဖက်ဖက်ကဖိအားတွေ အဲ့တုန်းက ရနေခဲ့တယ်"ဆိုတဲ့ စကားကို ဘာမှမတုံ့ပြန်ဖြစ်ခဲ့။အဲ့တုန်းက Xingရဲ့Pressureတွေကို ထည့်မတွေးခဲ့တာတော့မဟုတ်ဖူးလေ။

"သူအထဲမှာရှိပါတယ်။သွားတွေ့လိုက်ပါ။ပြီးတော့ Jun Myeon....မင်းထင်ထားတာထက် Yixingက မင်းကိုသံယောဇဉ်ရှိတယ်" ခပ်တိုးတိုးပြောတဲ့အသံ။တည်ကြည်နေတဲ့မျက်ဝန်းတွေဆီက လိမ်ညာမှုမတွေ့။

ပုခုံးကိုခပ်သာသာပုတ်ကာထွက်သွားတဲ့ Xingမန်နေဂျာကိုငေးနေရင်း အခန်းတံခါးကိုကိုင်ကာ ရပ်နေမိတာအတော်ကြာ။

ဘယ်လိုရင်ဆိုင်ရမလည်း....
ဘယ်လိုမျက်နှာချင်းဆိုင်ရမလည်း....

Jun Myeonသည် အချိန်ဘယ်လိုပဲ ပြောင်းပြောင်း Xingနဲ့ပက်သတ်ရင် တုန်လှုပ်တုန်းဖြစ်သည်။

ခပ်သာသာတွန်းဖွင့်လိုက်မိသော တံခါးရဲ့တစ်ဖက်မှာတော့ နံရံကိုကျောမှီကာ မျက်စိတွေကိုမှေးမှိတ်ထားတဲ့သူ။

ရေဘူးလေး ယူပေးပါဆိုတော့ အူကြောင်ကြားနဲ့ယူပေးရသေး။မျက်လုံးတွေဖွင့်ကာJun Myeonကိုမြင်တော့ အမြန်ထလိုက်တဲ့Xingကြောင့် လက်ထဲကရေဗူးထဲက ရေတွေက Jun Myeonဆီပါစင်ကုန်သည်။

အံ့နေပုံရတဲ့ Xingကိုနှုတ်ဆက်လိုက်တဲ့ထိ Xingက ငြိမ်ရပ်နေတုန်း။

"ဟိုဟာ.....ထိုင်အုန်းလေ...ဟိုမှာ...အဲ...ဒီမှာလည်းရတယ်" လှုပ်လှုပ်ရှားရှားဖြစ်သွားသော Xingက သူ့လည်ပင်းသူပွတ်နေရင်း ဟိုထိုင် ဒီထိုင်နဲ့ ပြာခတ်နေသလို Jun Myeon တစ်ယောက်လည်း ဟိုလိုလို ဒီလိုလိုနဲ့ တစ်ပတ်လည်သွားသည်။

Producer (COMPLETED)Where stories live. Discover now