တရား ကျင့်ကြံသူတွေ.. အင်မော်တယ်တွေ ဟာ သက်ရှိတွေရဲ့ ဘေးမှာပဲ နေထိုင်ကြပါတယ်။ သူတို့ကို သာမာန်သက်ရှိတွေက မမြင် မသိနိုင်ပါဘူး။
ပုံပြင်လေးကတော့ ဒီကစပြောရမှာပေါ့... ကျိုး ပြည်နယ်ဟာ အရမ်းကို သေးငယ်တဲ့ နိုင်ငံလေး တစ်နိုင်ငံပါ။ တောင်ပိုင်း ဒေသမှာ ရှိနေတဲ့ နိုင်ငံ ငယ်လေးတွေ ထဲက တစ်ခုပေါ့။ ဒီ ဒေသက လူတွေက အရှေ့ပိုင်း ဒေသကြီးက ကြီးမြတ်တဲ့ တန်နိုင်ငံကို အမြဲ အားကျနေကြပါတယ်။ တန်နိုင်ငံက ချန်အန်း မြို့တော်ဟာဆိုရင် အရမ်းကို ကြီးကျယ် ခန်းနား လှလို့ တောင်ပိုင်းဒေသက ဘုရင်သာမက ပညာရှိတွကပါ အားကျရတဲ့ နိုင်ငံတစ်ခုပါ။
ဒါကတော့ မန်ဟိုဆိုတဲ့ စာပေသမားလေး တစ်ယောက် ပါ။ မန်ဟိုဟာ နွမ်းပါးတဲ့ စာပေသမားလေးတစ်ယောက်ဖြစ်ပြီး လုပ်ငန်းရှင် ကျိုး ဆီမှာ အကြွေးတင်နေပါတယ်။ သူဟာ အခုဆိုရင် နန်းမြို့တော်က စာမေးပွဲကို ကျတာ ၃ နှစ်တိတိ ရှိပါပြီ။
အခုလောလောဆယ်တော့ ဒါကွင်တောင်ထိပ်ကို သူလမ်းလျှောက်တက်နေပါတယ်။ သူလက်ထဲမှာ အရက် တစ်အိုးကို ကိုင်ထားပါတယ်။
"ငါ စာမေးပွဲ ကျပြန်ပြီ။ ငါ နန်းမြို့တော်က စာမေးပွဲကို ၃နှစ်တိတိ ကြိုးကြိုးစားစားဖြေခဲ့တယ်။ ပင်ပင်ပန်းပန်းနဲ့ ပညာရှိတွေရဲ့ စာတွေကို လွှင့်ပစ်ချင်လောက်အောင်အထိကို ကိုင်ပြီးတော့ ကျက်ခဲ့တယ်။ အခုတော့ထပ်ကျပြန်ပြီ။ ဒါ ငါလျှောက်ရမဲ့ လမ်း မဟုတ်ဘူးထင်တယ်။"
"ငါ အရာရှိဖြစ်ပြီးတော့ ချမ်းချမ်းသာသာ နေရဖို့ အိမ်မက်ဟာ ဝေးသထက် ဝေးလာပြီ။ ကြီးကျယ်တဲ့ တန်နိုင်ငံကို ရောက်အောင်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဘယ်လောက်တောင် အသုံးမကျတဲ့ ငါလည်း။"
အခုဆိုရင် မန်ဟိုဟာ အသက် ၁၆ နှစ် ၁၇ နှစ် အရွယ် ရောက်နေပါပြီ။ သူ့ပုံသဏ္ဍာန်က ပိန်ပိန်ပါးပါး နှုတ်ခမ်း ဖြူဖျော့ဖျော့ နဲ့ လူပျော့လေး တစ်ဦးပုံ ပေါက်ပါတယ်။
"ငါသာ ဦးလေးဝမ် ဆီကနေ လက်သမားပညာသင်လိုက်ရမှာ။ ဒါဆို ငါအခုလို ငတ်ပြတ်တော့မှာ မဟုတ်ဘူး။"
YOU ARE READING
ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ် ၁ - ၂)
Fantasy#ကောင်းကင်တံခါးကို ငါပိတ်မယ် "ငါလိုချင်တာ မိုးကောင်းကင်က ဖြည့်ဆည်းပေးရမယ်။ ငါမလိုချင်တာ ဒီကောင်းကင်မှာ မရှိသင့်ဘူး။" ဒါကတော့ အဋ္ဌမ နဲ့ န၀မမြောက် တောင်တွေဖြစ်တဲ့ ကြီးသူနိုင်စတမ်း ဥပဒေသပဲ ရှိတဲ့ ကမ္ဘာတွေကနေဆင်းသက်လာတဲ့ စာချိုးလေးပါ။ "ငါ့ နာမည်က မန်ဟို...