Chapter 11 ( တရားကျင့်ကြံမှုဆိုင်ရာ ဆေးပစ္စည်း အရောင်းဆိုင်ခွဲ )

1K 142 2
                                    


သိပ်မလှမ်းမကမ်းမှာပဲ တယောက်ယောက်က အော်ဟစ်အကူအညီ တောင်းခံနေတာကို မန်ဟိုမြင်လိုက်ရပါတယ်။ ဒီလူက စည်းအပြင်ဘက်ကို မထွက်နိုင်သေးခင်မှာပဲ လူသန်ကြီးရဲ့ ဓားပျံက သူ့လည်ပင်းကို ဖောက်ထွက်သွားခဲ့ပါတော့တယ်။ သွေးတွေ ဖွာကျလာခဲ့ပြီးတော့ သူမြေပြင်မှာ အကြောတစ်ချက်နှစ်ချက် ဆွဲပြီး သေဆုံးသွားခဲ့ပါပြီ။ လူကြီးက သေဆုံးသူရဲ့ အိတ်ကို ကောက်ယူလိုက်ပြီးတော့ အများပိုင် နယ်မြေထဲကို ပြန်လှည့် ၀င်သွားခဲ့ပါတော့တယ်။

မန်ဟိုလည်း ဘာတွေ ဆက်ဖြစ်မလည်းဆိုတာကို ရပ်ကြည့်နေမိပါတယ်။ သတ်ဖြတ် တိုက်ခိုက်သံတွေက လေနဲ့ အတူ လွင့်ပျံ့လာတဲ့အပြင်ကို သွေးညှီနံ့ကလည်း သူ့ရဲ့ နှာခေါင်းထဲကို ၀င်ရောက်လာခဲ့ပါတော့တယ်။

"မင်း ဒီနေရမှာ တညတည်းနဲ့ အရမ်းချမ်းသာသွားနိုင်တယ်။ ဒါပေမဲ့လည်း အရမ်းကို အန္တရာယ်များလွန်းတယ်။ ကျင့်ကြံမှုအတွက်၊ ၀ိဥာဉ်ကျောက်တုံးအတွက် လူတွေက သူတို့အသက်ကို ရင်းကြတယ်။ ဒါက ပေးဆပ်ရတာနဲ့ တန်ရဲ့လား။"

မန်ဟို မျက်မှောင် ကြုတ်လိုက်မိပါတယ်။ သူက ကီစုစည်းမှုကျင့်စဉ် တတိယအဆင့် အထွဋ်အထိပ်ကို ရောက်လို့ နေခဲ့ပါပြီ။ ဒါပေမဲ့လည်း ဖြစ်လာတာတွေက ဘာမှန်းကို သေချာ မသိလိုက်ပါဘူး။ဒဏ်ရာ ရဖို့ လွယ်ကူသလို ဓားပြတိုက်ခံရဖို့ကလည်း လွယ်ကူပါတယ်။ ဘယ်လောက်ကြာကြာ တည်မြဲနိုင်မလည်းကလည်း ပြောဖို့ ခက်ပါတယ်။

သူ့အိတ်ထဲမှာ ၀ိဥာဉ် ကျောက်တုံးတွေ မရှိတော့တာကို မန်ဟို စဉ်းစားနေမိပါတယ်။ ကျောင်းတော်က ဝေပေးတဲ့ ၀ိဥာဉ်ကျောက်တုံးကိုပဲ စောင့်နေမယ်ဆိုရင် နှစ်ပေါင်း ဘယ်လောက်တောင် ကြာအောင် လေ့ကျင့်ရမယ်ဆိုတာ သူမသိပါဘူး။ မန်ဟို တိုက်ခိုက်နေကြတဲ့ လူတွေကို လှမ်းကြည့်လိုက်မိပါတယ်။ တော်တော်များများက ဒဏ်ရာ ရနေကြတာပါ။ ဒီမှာပဲ မန်ဟိုရဲ့ ခေါင်းထဲမှာ အတွေးတစ်ခု လက်သွားခဲ့ပါတော့တယ်။

သူ့အတွေးတွေ တဖြည်းဖြည်းနဲ့ ရှင်းလာခဲ့ပါတယ်။ သူ့မျက်လုံးတွေလည်း တောက်ပလာခဲ့ပါပြီ။ သူ ချက်ခြင်းပဲ အပြင်စည်းဂိုဏ်းနယ်မြေကို အမြန်ဆုံး ပြေးသွားပါတော့တယ်။ သိပ်မကြာခင်မှာပဲ ပန်းခြံကြီးကို ကျော်လာပြီးတော့ အဆောက်အဦးတစ်လုံးကို တွေ့လာခဲ့ရပါတော့တယ်။

ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ် ၁ - ၂)Where stories live. Discover now