Chapter 10 ( ၀မ်တန်းဖေး )

1.1K 143 1
                                    


စတင်ဘာလ ကုန်ဆုံးတော့မှာမို့လို့ ရာသီဥတုက ပိုပြီးတော့ ပူအိုက်လို့ လာခဲ့ပါပြီ။ အပူရှိန်တွေက တဖြည်းဖြည်းနဲ့ မြင့်တက်လို့ လာနေပါတယ်။ ဒီလိုနဲ့ ၁၁ လပိုင်းကို ရောက်လာတော့ ဆောင်းရာသီက စတင်လာခဲ့လို့ အေးမြမှုကို တဖြည်းဖြည်း ရရှိလာခဲ့ပါပြီ။

မနက်ခင်း တစ်ခုမှာ မန်ဟိုက အင်မော်တယ် ဂူနန်းကနေထွက်ခွာလာခဲ့ပါတယ်။ သူ့မျက်လုံးတွေကတော့ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ တောက်ပလို့ နေပါတယ်။

"ငါ့ရဲ့ ကျင့်ကြံမှုက တတိယ အဆင့် ကီစုစည်းမှုကျင့်စဉ် အထွဋ်အထိပ်ကိုရောက်ဖို့ ဆံပင်တစ်လုံးစာလောက်ပဲ လိုတော့တယ်။ ငါ့ကို အပြင်စည်း တပည့်တွေမှာ အစွမ်းထက်တဲ့ သူစာရင်းထဲကို ထည့်လို့ မရသေးပေမဲ့လည်း ဘယ်သူမှ ငါ့ကို ရန်လာစရဲမှာတော့ မဟုတ်ပါဘူး။"

လေပြည်ညင်းလေးက သူ့ရဲ့ ဆံပင်ကို လွင့်နေစေခဲ့ပါတယ်။ သူ့ကို ကြည့်ရတာ တော်တော် ကြည့်လို့တော့ ကောင်းပါတယ်။

မူလ စာပေသမားလေး ဘ၀ကနေပြီးတော့ အင်မော်တယ် ကမ္ဘာကို သူရောက်လာခဲ့တာပါ။ ဖြစ်ပျက်သမျှတွေကို ပြန်တွေးကြည့်တော့လည်း အိမ်မက်လိုပါပဲ။


"ဒါက တော်တော်ခက်တယ်။ ငါ့မှာ ၀ိဥာဉ် ကျောက်တုံးတွေ မလုံလောက်သေးဘူး။ ပြီးတော့ ငါ့မှာ ရှိတဲ့ ၀ိဥာဉ် စုစည်း ဆေးလုံးတွေကလည်း ထင်သလောက် အစွမ်းမထက်ဘူး။"

သူ့ရဲ့ ပျော်ရွှင်မှုတွေက ၀ိဥာဉ်ကျောက်တုံးအကြောင်းကို စဉ်းစားမိလိုက်တော့ ပျောက်ကွယ်သွားကြပါပြီ။


"ဖက်တီး.. ၊ ၀မ်ရောက်ချီ နဲ့ တခြားလူငယ်လေးတစ်ယောက်..."

မန်ဟို တီးတိုးရေရွတ်နေမိပါတယ်။

"ငါတို့ လေးယောက် သစ္စာရှင် ဂိုဏ်းတော်ကြီးကို အတူတကွ ရောက်လို့လာခဲ့တယ်။ အခုတော့ သူတို့တွေ ဘာတွေ လုပ်နေကြလည်း မသိဘူးနော်။"

သူ့ရဲ့ ခန္ဓာကိုယ်ထဲက ၀ိဥာဉ် စွမ်းအင်တွေကို လှည့်ပတ်ပြီးတော့ မြောက်ပိုင်းတောင်ကို ဦးတည်ထွက်သွားပါတော့တယ်။

ကောင်းကင်တံခါးကို ငါပိတ်မယ် (စာစဉ် ၁ - ၂)Where stories live. Discover now