Chapter(2)

1.5K 177 0
                                    

'သူတောင်းစား...ဟိုဘက်နေ့က ချိန်းထားတာ
ကို မလာဘူး´

ကျောင်းခန်းထဲ တွေ့တွေ့ချင်း နေမျိုး အောင်ကို
ပီယဝါစာဖြင့် နှုတ်ဆက်ရင်း ဘေးနားဝင်ထိုင်
လိုက်သည်။ လင်းဆက် အဆဲကြားတော့မှ
နေမျိုးအောင်က ခပ်ဖြီးဖြီး လုပ်ရင်း မေ့သွား
လို့ဆိုကာ.ပြန်ဖြေသည်။

'ဘာချိန်လဲ..´

'Botany လေ..´

လင်းဆက်လည်း Botany စာအုပ်လေးထုတ်
ရင်း ဟိုဟိုဒီဒီလှန်ထားရသည်။ ကျောင်းစာ
ဘော့တနီကို ကောင်းကောင်းစိတ်မဝင်စားပေမဲ့
သူ ထောင်မယ့်အသင်းကတော့ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးအသင်းဖြစ်သည်။ အိုင်ဒီယာ
စရလာကတည်းက နေမျိုး ကို ပြောပြပြီးသား
ဖြစ်သည်။ မြေကမ္ဘာပတ်ဝန်းကျင်.ထိန်းသိမ်း
ရေးဆိုပြီး.ကြီးကြီးကျယ်ကျယ် မလုပ်နိုင်တောင်
ကျောင်းပတ်ဝန်းကျင် အမှိုက်ကင်းစင်ဖို့ နဲ့
သစ်ပင်ပန်းမာန်များ ဖြင့် စိမ်းလန်းစိုပြည်ရေး
ကိုတော့.ဖြစ်စေချင်သည်။ လောလောဆယ်
အသင်းအတွက် ရန်ပုံငွေလည်း မရှိ။ အသင်း
ဝင်လည်း မရှိသေးချေ။ အားလုံးက စိတ်ကူးထဲ
တွင်သာ.ရှိနေသေးသည်။

ကျောင်းဖွင့်တာ တစ်ပတ်ကျော်ပေမဲ့လည်း
စာတွေ ဘာတွေ ဟုတ်တိပတ်တိသူ မကျက်
ချင်သေး။ တက္ကသိုလ်ဆိုတဲ့ နေရာကို ရောက်
လာပြီမလို့ စာကျက်ဖို့ထက် အပေါင်းသင်းဝင်
ဆန့်ဖို့၊ လုပ်ချင်သည့် စိတ်ကူးတွေ လုပ်ဖို့
ပျော်ပျော်နေဖို့ကို သူ ပိုပြီး စိတ်အားသန်နေ
သည်။ ဒီကျောင်းကိုလည်း အမေရွေးပေးလို့
ရော ကိုယ်တိုင်လည်း ဘာရွေးရမှန်းမသိ
လို့ရော တက်ခဲ့ခြင်းပင်။

ဘောတနီ ဌာနမှူး၏ ပျင်းရိငြီးငွေ့ဖွယ် သူ နား
မလည်သော လက်ချာ နှင့်တကွ ဆိုဆုံးမ
သြဝါဒ အရှည်များ.ပြီးဆုံးသွားပြီးနောက်တော့
လင်းဆက်လည်း အိပ်ချင်မူးတူးနဲ့ ဆရာမကို
နှုတ်ဆက်ဖို့ ထရပ်လိုက်ရသည်။

ခုံပေါ်ပြန်ထိုင်ပြီး မှောက်အိပ်မယ်အလုပ် နေမျိုး
က သူ့ကိုပုတ်သည်။

'ဟေ့ရောင် ပြန်သေမနေနဲ့တော့
အခုအပတ်ကစပြီး....ပရက်တီကယ်တွေ
ရှိပြီ...´

It Must Be Love!Where stories live. Discover now