chapter(5)

1.1K 164 0
                                    


5

လင်းဆက် နဲ့ လင်းထက်နိုင် ရဲ့ ဆက်ဆံရေး
တင်းမာမှု ဒီဂရီကတော့ အမြင့်ဆုံးကို ရောက်
လျက်ရှိသည်။ ပထမတော့ သူ့ကို လက်ဖက်
ရည်ဆိုင်က ပိုက်ဆံ ပြန်မပေးသည့်ကိစ္စ၊ နောက်ကျတော့ မျက်နှာပြောင်ပြောင်နဲ့ သူ့ကို တိုက်
ထရေးရှင်းတွေလုပ်စေရင်း.ထားသွားသည့်
ကိစ္စ စသည်ဖြင့် လစ်ရင်လစ်သလို လင်းဆက်
ကို ဖျ ံကျသွားလိုက် လင်းဆက်ကလည်း
ပြန်လက်စားချေလိုက်ဖြင့် နှစ်ဦးသားမှာ
ချင်းစိမ်း နှင့် မိသလင် ဖြစ်နေသည်။

ဟိုတစ်လောကလည်း သူ့ကို အတင်းတုပ်
တာကို မိသွားရက်နဲ့ လင်းဆက်က မျက်နှာ
ပြောင်ကာ ဘူးတစ်လုံးဆောင် ငြင်းနေတာ
မလို့ လင်းထက်နိုင် မကျေမနပ်ဖြစ်သွားပုံရ
သည်။ မဟုတ်ဘဲနဲ့ သူ့နားက ကားဖြတ်မောင်း
ပြီး ဗွက်စင်စေစရာ အကြောင်းမရှိ။ လင်းဆက်
ကတော့ သည်လိုသာ ယူဆသည်။

ပြန်လာတည်းက ဘယ်လို ပြန်ထေရမလဲ
စဉ်းစားနေသော လင်းဆက်အဖို့ အကွက်
ဝင်လာတာက ညအိပ်ခါနီးဖြစ်သည်။

တစ်ဖက်ကုတင်က လင်းထက်နိုင်က ထုံးစံ
အတိုင်း ရှုပ်ပွခတ်နေသော သူ့အိပ်ရာပေါ်ဝယ်
ဆံပင်ကြက်တောင်စည်းကြီးစည်းလျက်
ဖိုးဝလုံးလို သနပ်ခါးများ ထူထူပိန်းပိန်း လိမ်း
ကာ အိပ်နေလေသည်။ လင်းထက်လည်း
သူ့ပုံကို အမိရ ရိုက်ယူပြီး သူတို့ ပရက်တီကယ်
ဂရု ချက်ခ် ထဲ ပို့ပေးလိုက်သည်။

နောက်ရက်များတွင် ကင်း title ရထားသူ
ကြီး လင်းထက်နိုင် တစ်ယောက် ကျောင်း
ခန်းရောက်သောအခါ ကွက်ကြည့်ကွက်ကြည့်
တီးတိုး သဖန်းပိုးများနှင့် ရင်ဆိုင်ရလေသည်။
ပထမတော့ လင်းထက်နိုင် သဘောမပေါက်
သေး။သူ အရင်ရက်ကမှ ကင်းရတာဆိုတော့
သူ့ကို များတအား သတိထားမိနေကြတာလား
ထင်နေသေးသည်။ပြီးမှ သူ့သူငယ်ချင်း
ဉာဏ်ထွန်းလာပြမှသာ လင်းဆက်လက်ရာ
သူ့ရဲ့ သနပ်ခါးဘဲကြား နဲ့ကြက်တောင်စည်း
ပုံကြီးကို တွေ့ရသည်။ တစ်ချို့က meme တွေ
တောင် လုပ်ထားပြီးပြီ။

ငါကြွေနေတဲ့ လူက
မထင်ရတဲ့ အရုပ်ဆိုးချိန်တွေ ရှိသေးတယ်
ဆိုသော ကွန်မန့်တွေက ပါသေးသည်။
သူ့မှာ ဝက်ခြံပေါက်ချင်နေသလို ဖြစ်နေ၍
သနပ်ခါးလေးတစ်ခါ လိမ်းအိပ်မိပါတယ်
လင်းဆက် လက်ချက် ခိုးရိုက် ဓာတ်ပုံနဲ့၊
မိသွားရသည်။လင်းဆက်ကို ပရက်တီကယ်
ချိန်တွင် သေချာစိုက်ကြည့်လိုက်သော်လည်း
သကောင့်သား က မဖြုံရေးချ မဖြုံပေ။
မခုတ်တတ်တဲ့ ကြောင်လေးလိုပင်.ပြုမှုပြနေ
သေးသည်။

It Must Be Love!Where stories live. Discover now