chapter(8)

1.1K 164 8
                                    

ပွဲကြည့်စင်ပေါ် ရောက်သည်အထိ လင်းဆက်
တစ်ယောက် ဘာကိစ္စ ဘောလုံးပွဲလာကြည့်
မိသလဲဆိုတာ ကိုယ့်ကိုကိုယ် ဝေခွဲမရသေး။
နှင်းဖြူ နဲ့ လင်းလက်ရွန်း အတင်းခေါ်လာ၍
ဘောလုံးပွဲကို ရောက်လာရပါသည်ဟု
သူ့ကိုယ်သူ ဆင်ခြေတက်ပေမဲ့ သည်ဆင်ခြေ
က မလုံလောက်မှန်း သူ့ကိုယ်သူ သိနေသည်။

'ဟ...လင်းဆက်...ဘောပွဲလာအားပေးတာ
လား...´

ကျောင်းက အတန်းတူ.သူငယ်ချင်း ကျော်စွာက
ကောင်မလေး နှစ်ယောက်နဲ့အတူ ထိုင်နေသော
သူ့ကို မေးရင်း ဘေးနားလာကပ်ထိုင်သည်။

'ဆေးဘက်ဆိုင်ရာနဲ့ ပွဲမှာ ဂိုးပြတ်နဲ့ နိုင်မှ
ဖြစ်မှာ...မဟုတ်ရင်...ငါတို့ ကျောင်းက
ဖိုင်နယ် တက်ရမှာ မဟုတ်ဘူး.......´

ကျော်စွာက ရေဘူး အဖုံးကို ဖွင့်ကာမော့ရင်း
ဆိုသည်။ လင်းဆက်လည်း ခေါင်းသာငြိမ့်ကာ
ထောက်ခံလိုက်သည်။ သူဆိုတာက ဘောလုံး
ပွဲလည်း စိတ်မဝင်စားသလို ဘောလုံးပွဲလည်း
ကြည့်လေ့မရှိပေ။

'ဟူး ...မောလိုက်တာ...ပွဲ စနေပြီလား...´

ပြောပြောဆိုဆို နေမျိုးက လင်းဆက်နဲ့ နှင်းဖြူ
ုကားတိုးဝင်ထိုင်ရင်း ရေဘူးလှမ်းတောင်းသည်။

ငါးမိနစ်ခန့်ကြာတော့ ဆေးဘက်ဆိုင်ရာနဲ့
သူတို့ကျောင်းပွဲ စတင်ပြီ။

လူသစ်တန်းတွေ ဒီနှစ်ထည့်ထားပြီး ပထမနှစ်
က နှစ်ယောက်သာ ပါသည်။ ဒါတောင် လင်းထက်
နိူင်တစ်ယောက်သာ ဝင်ဆော့ခွင့်ရပြီး တစ်ခြား
တစ်ယောက်က အရန်ခုံတွင် ထိုင်နေရခြင်း
ဖြစ်သည်။လင်းထက်နိုင်ကလည်း နောက်တန်း
သမားဖြစ်သည်။

ပွဲစကတည်းက ဆေးဘက်ဆိုင်ရာ အသင်းရဲ့
ပွဲအဝင်က ကောင်းလှသည်။ အချင်းချင်း
ဘောလုံးအပေးယူ မျှပြီး ခြေငြိမ်သည်။
အလောသုံးဆယ် မရှိဘဲ ဂိုးသွင်းဖို့ထက်
တစ်ဖက်ကို ခြေစမ်းသဘောသာ ကစားနေ
သည်။.သူတို့ ကျောင်းအသင်းကတော့
ပရိသတ်ကျောင်းသားတွေရဲ့ ညံတတ်နေသော
အားပေးသံကြောင့်လား မသိ သွေးတွေဆူကာ
တစ်ဖက်အသင်းကို ကျူံ းတော့သည်။
ပွဲစပြီး ၁၅ မိနစ်မှာပင် တစ်ဖက်အသင်းက
လူကို တိုက်မှုနဲ့ ဝမ်နင် ထိထားပြီ။

It Must Be Love!Where stories live. Discover now