chapter(7)

1.1K 170 7
                                    

'လင်းဆက်ရ...သွားယူထားပေးစမ်းပါ
မင်းတို့ အဆောင်နဲ့ဆို....မိတ္တူ ဆိုင်က
နီးနီးလေး....´

'အေး..အေး...ပြီးရော...´

လင်းဆက်လည်း ဖုန်းချလိုက်ပြီး နေမျိုး မိတ္တူ
အပ်ထားသော ၇၅ လမ်းက ဆိုင်ဆီကို ထွက်
ခဲ့သည်။ လာမယ့်ဖြေမယ့် test 1 အတွက်
သချာၤပုစ္ဆာတွေ တွက်ထားတာ မစုံ၍ နေမျိူ း
တစ်ယောက် စာလိုက်သော နှင်းဖြူ ဆီက
အကုန်ပြန်ကူးထားခြင်းပင်။ လင်းဆက်က
တော့ test 1 အတွက် ရယ်ဒီ မဖြစ်သေးသလို
ခံစားရသည်။ zoo နဲ့ Bot ဆို လုံးနေသေး
သည်။ အင်္ဂလိပ်စာကလည်း ဆယ်တန်းတုန်း
ကထက် အပုံကြီး ပိုခက်သည်။ ဒီကြားထဲ
သူတို့ နဲ့ မရင်းနှီးသော မက်ဒီကယ် တမ်းစ်
ဆိုတာတွေကို အစိမ်းလိုက် အလွတ်ကျက်
ရပေဦးမည်။

ည ၇နာရီကျော် ရုံမလို့ လူသွား
လူသာက ရှုပ်နေဆဲ။ ဆိုင်ကယ်စီးမနေတော့
ဘဲ ခြေကျင်လျှောက်လိုက်သည်။ မဟုတ်
လျှင် လမ်းလျှောက်ဖြစ်တော့မည် မဟုတ်။
တစ်နေ့လုံး အတန်းထဲ ထိုင် စာနားထောင်
လိုက်၊ ပြန်လာတော့ ဆိုင်ကယ်ခွစီးပြီး ပြန်
လာလိုက် ၊ အဆောင်ရောက်တော့ ကုတင်ပေါ်
လှဲနေလိုက်ဖြင့် အတော်ကို အညောင်းမိသော
ဘဝ ရောက်နေသည်။

၁၀ မိနစ်လောက်မရှိတရှိ
လမ်းလျှောက်ရင်း ၇၅လမ်း မိတ္တူ ဆိုင်ရောက်
သွားသည်။ နေမျိုး နာမည်နဲ့ အပ်ထားသော
မိတ္တူ တစ်ထပ်ကြီး ကို ရွေးရင်း ပိုက်ဆံချေ
ကာ လင်းဆက် ဆိုင်ထဲက ပြန်ထွက်လာသည်။
ထိုစဉ် ဆိုင်ကယ် တစ်စီးက သူ့နောက်က
ခပ်ဖြည်းဖြည်းကပ်လိုက်လာသည်။ လင်းဆက်
လည်း စိတ်ထဲ သိပ်မသင်္ကာသလို ဖြစ်လာ၍
လမ်းဘေးကို ဆင်းကာ ခဏရပ်တော့ နောက်
က ဆိုင်ကယ်ကလည်း သူ့နောက်က စတိုး
ဆိုင်ရှေ့ရပ်သွားကြသည်။ ပြီးတော့ လူနှစ်ယောက်ဆင်းလာတာ မြင်ရသည်။မောင်းသူက ပုပြီး
နောက်တစ်ယောက်က ဒေါင်ကောင်းကောင်း
ဖြစ်သည်။

လင်းဆက်လည်း စိတ်ထဲ မကောင်းသော
အရိပ်ငွေ့သက်တွေ ခံစားလာရ၍ ခြေလှမ်းတွေ
မပြေးရုံတမယ် သွက်ရင်း လမ်းမီးမရှိသည့်
၃၂ လမ်းထဲ ပြေးဝင်သည်။ ခဏနေလှည့်
ကြည့်တော့ နောက်က ထိုလူနှစ်ယောက်က
လည်း သူ့နောက်ကို ဆက်တိုက် လိုက်လာ
သည်ကို တွေ့လိုက်သည်။ လိုက်လုတဲ့သူ
တွေများလားဆိုပြီး လင်းဆက်ခမျာ ခေါင်းနပန်း
ကြီးသွားသည်။ သူ့လက်ထဲက ပိုက်ဆံအိတ်က
တစ်သောင်းအောက်လေးသာ ပါသည်ကို
ဘာကိစ္စ လိုက်လုနေချင်ရပါလိမ့်။ မန္တလေးမြို့
ကြီးက မိန်းလမ်းမပေါ်များတွင်ပင် ရိုက်နှက်
လုယူမှုတွေက ခေတ်စားလှသည်။
လင်းဆက်လည်း အဆောင်နားရောက်ရန်
တစ်လမ်း
သာလိုတော့ သောကြာင့် ပြေးဖို့ တွေးရင်း
ခြေလှမ်းကျဲ ကြီး စလှမ်းတော့သည်။

It Must Be Love!Where stories live. Discover now