အပိုင်း ၄.၂ ။ လမ်းကျဉ်းလေးထဲက ရန်သူ

3.5K 425 3
                                    

[Zawgyi]

ပိုင်ကျီရယ်မောခဲ့သည်။ "ငါတို့ဒီကံကောင်းစေတဲ့ အဆောင်လက်ကောက်ကိုလိုအပ်လို့လား။ အဲ့လိုလုပ်လို့ ငါတို့သခင်မလေးအတွက် နောင်လာမယ့်နှစ်မှာ ကံကောင်းမှုတွေကိုဆောင်ယူလာနိုင်ဖို့ ဆုတောင်းပေးနိုင်မလား။"

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.

ပိုင်ကျီရယ်မောခဲ့သည်။
"ငါတို့ဒီကံကောင်းစေတဲ့ အဆောင်လက်ကောက်ကိုလိုအပ်လို့လား။ အဲ့လိုလုပ်လို့ ငါတို့သခင်မလေးအတွက် နောင်လာမယ့်နှစ်မှာ ကံကောင်းမှုတွေကိုဆောင်ယူလာနိုင်ဖို့ ဆုတောင်းပေးနိုင်မလား။"

"ကံကောင်းအောင်လုပ်တာ ဘာမှားလို့လဲ။"
လျန်ချောင်း ရှေ့တစ်လှမ်းတိုးပြီးပြောလိုက်​သည်။
"နင့်မှာသာပိုက်ဆံရှိရင် ကံမကောင်းမှုတွေကိုတောင် ဖယ်ရှားပစ်လို့ရတယ်။ ချမ်းသာတာဘာမကောင်းလို့လဲ။ ငါတို့မှာသာပိုက်ဆံရှိရင် ဒီလူတွေငါတို့သခင်မလေးကိုအနိုင်မကျင့်ရဲဘူးဆိုတာ ငါရဲရဲကြီးအာမခံတယ်။"

ပိုင်ကျီက လျန်ချောင်းကို သတိပေးတဲ့မျက်နှာထားနှင့် ကျန်းယွမ်ရဲ့လက်ရှိအခြေအနေကိုထင်ဟပ်စေတဲ့ နောက်ထပ်ဘယ်စကားလုံးမှမထွက်လာအောင် တားမြစ်လိုက်သည်။ လျန်ချောင်း မပြောသင့်တဲ့စကားကိုပြောလိုက်မိတယ်လို့ သတိထားမိလိုက်တာနဲ့ သူမချက်ချင်းရပ်တန့်လိုက်သည်။ ချက်ချင်းပဲ ကျန်းယွမ်ကို စိုးရိမ်တကြီးကြည့်လိုက်မိ၏။

ကျန်းယွမ် ခေါင်းခါလိုက်ပြီး စောင်ပါးလေးကိုဖယ်ကာ အိပ်ရာပေါ်ကနေဆင်းလာသည်။ လျန်ချောင်းချက်ချင်းပဲ သူမကိုတွဲကူလိုက်​သည်။ ကျန်းယွမ် စားပွဲရှိရာသို့လမ်းလျှောက်သွားပြီး ထိုင်ချလိုက်သည်။ စားပွဲပေါ်မှာရှိတဲ့ကံကောင်းစေတဲ့အဆောင်လက်ကောက်ကို တစ်ချက်ကြည့်လိုက်၏။ လက်ဆန့်ထုတ်ပြီး ထိုအရာကို သူမလက်ကောက်ဝတ်မှာ ဝတ်ဆင်လိုက်လေသည်။ သူမလက်ကို တစ်ချက်လှုပ်ရမ်းလိုက်ပြီး ပြောလိုက်၏။
"ငါကံကောင်းလာအောင် လုပ်သင့်တယ်...."

မုန်းမာန်ဖွဲ့အငြိုး 《မြန်မာဘာသာပြန်》/DROPPEDМесто, где живут истории. Откройте их для себя