အပိုင်း ၇ ။ စကား​ပြော​သော​ငွေ

3.2K 463 12
                                    

[Zawgyi]

အ​ခြေအ​နေ​တွေက က​လေးမဘက်​ကို အ​လေးသာ​နေတုန်း တစ်​စုံတစ်​​ယောက်​က အဖိုးကြီးဘက်​၀င်​​ပြော​ပေးသည့်​အခါ လူအားလုံး၏အကြည့်​မှာ ကူ​ပြော​ပေး​သော လူအ​ပေါ်သို့ စု​ဝေးသွားကြ​လေသည်​။ပိုင်​ကျီနှင့်​လျန်​​ချောင်းမှာ အလျင်​အမြန်​ ကျန်းယွမ်​ကိုလူ​တွေမတိုး​အောင်...

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.

အ​ခြေအ​နေ​တွေက က​လေးမဘက်​ကို အ​လေးသာ​နေတုန်း တစ်​စုံတစ်​​ယောက်​က အဖိုးကြီးဘက်​၀င်​​ပြော​ပေးသည့်​အခါ လူအားလုံး၏အကြည့်​မှာ ကူ​ပြော​ပေး​သော လူအ​ပေါ်သို့ စု​ဝေးသွားကြ​လေသည်​။ပိုင်​ကျီနှင့်​လျန်​​ချောင်းမှာ အလျင်​အမြန်​ ကျန်းယွမ်​ကိုလူ​တွေမတိုး​အောင်​ ​ရှေ့​နောက်​ကာ​ပေးထားလိုက်​ကြသည်​။ကျန်းယွမ်​မှာ လူ​တွေရဲ့အကြည့်​​ကြောင့်​​ကြောက်​ရွံ့မသွား​ပေ။ သူမ ​နေရာတွင်​သာရပ်​​နေပြီး လူ​တွေကို သူမအား ကြည့်​ရှုခွင့်​​ပေးထားသည်​။

အဖိုးကြီး၏ မျက်​နှာနှင့်​လည်​ပင်းမှာ ​ဒေါသအပူရှိန်​​ကြောင့်​ နီရဲတွတ်​​နေသည်​။ဒါ​ကြောင့်​ ကျန်းယွမ်​ရဲ့ ညင်​သာနူးညံ့​ပြီးမထင်​မှတ်​ထား​သောအား​ပေးနှစ်​သိမ့်​မှုက သူ့ရဲ့​ဒေါသ​ကို​​အနည်းငယ်​​အေးမြ​စေလာသည်​​။ ဆောင်းရာသီတွင်းဖြစ်​​နေ​သော်​လည်း ​သူ့ရင်​တွင်းမှ စိတ်​ရှုပ်​​ထွေးမှုများကို ရှင်းထုတ်​လိုက်​​သော ​နွေဦး​လေပြည်​နှင့်​ပင်​ဆင်​တူ​လေသည်​။သူ့စိတ်​မှာ
တဖြည်းဖြည်းငြိမ်​သက်​လာ​တော့သည်​။ လူအုပ်​ကြီးကဲ့သို့အံ့သြသင့်​စွာ သူ ​ကောင်​မ​လေးကို စူးစမ်းကြည့်​​နေမိသည်​။

ဆယ်​နှစ်​အရွယ်​မိန်းမပျို​လေးမှာ လူအုပ်​ကြားထဲရပ်​​နေသည်​။သူမ၏အသံမှာ ရင့်​ကျက်​​သူတစ်​​ယောက်​၏ အသံ​ကဲ့သို့ပင်​။သူမ၏ခန္ဓာကိုယ်​မှာ ​သေးငယ်​ကာ အရပ်​မမြင့်​လှ​သော်​လည်း ဘယ်​သူကမှ သူမကိုလျစ်​လျူရှု၍ မရနိုင်​​ပေ။မိန်းမပျို​လေး၏ ရှင်​သန်​​နေထိုင်​ရတဲ့အ​ခြေအ​နေ​ကြောင့်​ သူမ၏အသားအရည်​နှင့်​နှုတ်​ခမ်းမှာ အ​ရောင်​​ဖျော့​နေသည်​။သို့​သော်​ သူမရဲ့
မျက်​နှာအစိတ်​အပိုင်းတို့မှာ ကျက်​သ​ရေရှိလှသည်​။သူမ မှာ ချယ်​ရီ​ရောင်နှုတ်​ခမ်းပါး ​ဖြောင့်​တန်းသွယ်​စင်း​သော နှာတံ​လေးရှိသေးသည်​။ သူမရဲ့အထင်​ရှားဆုံးအသွင်​အပြင်​က​တော့ ထူထဲမည်းနက်​သည့်​မျက်​ခုံးနှစ်​စုံ​အောက်​က မျက်​၀န်းတစ်​စုံပင်​ဖြစ်​သည်​။ သူတို့၏အ​ရောင်​လဲ့​နေပုံက ​တောင်​ထွတ်​ဖျား​ပေါ်က​ရေစမ်းပမာ..။နက်​ရှိုင်းမှုက လူ​တွေ၏ရင်​ထဲတိုင်​ထိုးဖောက်​သွားသည်​။သူမရဲ့အကြည့်​မှာအပြစ်​ကင်းလှ​သော်​လည်း အနည်းငယ်​မြင့်​တက်​​နေသည့်​ မျက်​၀န်း​ထောင့်​ဖျားများက ဆွဲညှို့နိုင်​စွမ်းရှိသည်​။သူမသာ ​ကောင်း​ကောင်းမွန်​မွန်​ ပြုစု​စောင့်​​ရှောက်​ခံရလျှင်​ ပြိုင်​ဘက်​ကင်းအလှတစ်​ပါးဖြစ်​လာလိမ့်​မှာအ​သေအချာပင်​။

မုန်းမာန်ဖွဲ့အငြိုး 《မြန်မာဘာသာပြန်》/DROPPEDTempat cerita menjadi hidup. Temukan sekarang