ဒေါက်......ဒေါက်.......ဒေါက်Jungkook : ကလေး..မထသေးဘူးလား ဒီနေ့ကျောင်းသွားရမှာလေ
အထဲက ဘာအသံမှပြန်မလာ Jungkook တစ်ချက်ပြုံးလိုက်ပြီး
Jungkook : ကလေး ကိုကို ဝင်လာပြီနော်
Jungkook တံခါးကိုအသာလေးဖွင့်ပြီးဝင်သွားလိုက်သည် ။ ကုတင်ပေါ်က အရုပ်တွေရဲ့အလယ်မှာ အိပ်နေတဲ့ သူမ ။ အရုပ်အကြီးကြီးတွေ ကြားတွင် သူမရဲ့ခန္တာကိုယ်သေးသေးလေးက မြုပ်နေသလို။ Jungkook ကုတင် ပေါ်အသာလေးထိုင်လိုက်ပြီး....
Jungkook : ကလေး ထတော့လေ ကျောင်းချိန်နီးပြီ
Jungkook ထိုသို့ပြောလိုက်တော့ မျက်တောင်ရှည်ကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်လုံးလေးပွင့်လာတဲ့ ကလေးမလေးကြောင့် Jungkook အသည်းမယားဘဲမနေ နိုင်တော့။ Jungkook Tae ရဲ့ပါးကို ဖွဖွလေးဆွဲကာ....
Jungkook : အိပ်ပုတ်လိုက်တာကွာ ဝက်မကြီးဖြစ်လာတော့မယ်
Tae : ကိုကို နော်
Jungkook : ကိုကို ကစတာပါ ကလေးရဲ့ ထတော့နော် တော်ကြာ ကလေးရဲ့ Oppa လူဂွစာကြီးက ပွားနေဦးမယ်
Tae : ကလေး ကိုချီ
Jungkook : ဟုတ်ပါပြီကွာ
Jungkook က Tae ရဲ့ကိုယ်လုံးလေးကိုစွေ့ကနဲ့ချီကာ ပေါင်ပေါ်တင်ထားလိုက်သည် ။ အဲ့ဒါကို Tae က Jungkook ရင်ခွင်ထဲခေါင်းလေးတိုးကာ အိပ်နေသေးသည် ။
Jungkook : ဟာ ဒီကလေးကတော့
Jungkook Tae ကို ရေချိုးခန်းထဲထိ ပွေ့ခေါ်သွားသည်။ Tae ကတော့ ရေချိုးခန်းထဲရောက်တဲ့ထိ မျက်လုံးကမပွင့်တပွင့်။
Jungkook ကိုယ်တိုင် သွားတိုက်ဆေးတွေထည့်ပေးပြီး တံပွတ်တံကို ပေးလိုက်တော့ Tae ကတံပွတ်တံကို ယူလိုက်ပြီး
သွားညီညီလေးတွေကို တိုက်နေသည်Jungkook : ကိုကို အောက်မှာစောင့်နေမယ်နော်
Tae ခေါင်းသာတစ်ချက်ညိမ့်ပြလိုက်သည် ။
《《《《《《《《《《《《》》》》》》》》》》》
Jungkook အောက်ထပ်သို့ဆင်းလာတော့ ထမင်းစားခန်းတွင် Namjoon ကအခန့်သား ထိုင်နေသည် ။ သူထမင်းစားခန်းထဲ ဝင်သွားလိုက်တော့..။

YOU ARE READING
So Far Away
Fanfictionမပိုင်ဆိုင်နိုင်မှန်းသိပေမယ့်.... ပိုင်ဆိုင်ချင်မိတယ်..... ပိုင်ဆိုင်ခွင့်မရှိပေမယ့်.... ချစ်ခွင့်လေးတော့ရှိတယ်မလား....