အင်းချွန်းလေဆိပ်.....
Jimin မရှူရတာကြာပြီဖြစ်တဲ့ Korea မြေရဲ့ လေကိုတဝကြီး ရှူနေစဉ် "ဖျတ်" ကနဲ Jin က နာရင်းအုပ်လိုက်သည် ။
Jin : သောက်ကလေး လုပ်ချင်တာလုပ်ပြီး ပျော်နေတယ်ဟလား
Jimin : Hyung ကလဲ
Jin : ဘာလို့မင်း အဖေကို မပြောဘဲ လာရတာလဲ
Jimin : Appa ကဘယ်တုန်းက ကျွန်တော့အကြောင်းဆို စိတ်ဝင်စားလို့လဲ Hyung ရဲ့အဖေကိုပြောခဲ့ ရင် ကျွန်တော့ အဖေလဲ သိမှာပေါ့
Jin : မင်းနဲ့တော့ ခက်ပြီကွာ ငါတို့အခုဘယ်မှာတည်းမှာလဲ
Jimin : Jeon Jungkook ပိုင်တဲ့ Love My Self Hotel မှာတည်းချင်တယ်
Jin : Park Jimin ရယ် ငါတော့ရှင်ချင်တာဘဲ
Jimin ရဲ့မျက်နှာမှာတော့ အသက်မဲ့တဲ့ အပြုံးကိုဖန်ဆင်းလျက်
《《《《《《《《《《《《《》》》》》》》》》》
At Love My Self Hotel
Jimin နဲ့ Jin Hotel ကိုရောက်ရောက်ချင်းဘဲ Hotel ထဲကို ဝင်မယ်အလုပ် သူတို့အနားကို ကပ်ပြီး ဖြတ်မောင်းသွားတဲ့ ကားအနက်ရောင် တစ်စင်း...။
Jimin : shit ဘယ်လိုမောင်းနေတာလဲ
ထို့နောက်ကားအနက်ရောင်ပေါ်က ဆင်းလာတဲ့ ရွှေရောင် ဒေါက်ဖိနပ်တစ်စုံ ။ Jimin သေချာကြည့်လိုက်တော့ ထိုရွှေရောင် ဖိနပ်ပိုင်ရှင် မိန်းကလေးက Kim Tae Tae !
ရွှေရောင် ဖိနပ်လေးနဲ့ လိုက်ဖက်စွာ ရွှေရောင်ကိုယ်ကျပ် ဂါဝန်လေးကို ဝတ်ဆင်ထားသည် ။ Kim Tae Tae ရဲ့ဘေးမှာ တစ်ကိုယ်လုံး အနက်ရောင် ဝတ်စုံနဲ့ Jeon Jungkook !
ထို အချိန် Jimin မြင်လိုက်ရတဲ့ မြင်ကွင်းက Tae Tae က Jungkook ရဲ့လက်ကိုချိတ်ထားပြီး ရယ်မောကာ စကားပြောနေသည်
Jimin : တောက် !
Jin : Jimin စိတ်လျော့စမ်း အခုမှရောက်တာ ပြဿနာ မရှာချင်စမ်းနဲ့ ဒီနေ့ Hotel မှာ ပွဲရှိတယ် ထင်တယ်
Jimin က Hotel ထဲကို လျင်မြန်စွာ ဝင်သွားပြီး ဝန်ထမ်းတစ်ယောက်ကို မေးလိုက်သည် ။
Jimin : ဒီနေ့ Hotel မှာ ဘာပွဲ ရှိတာလဲ
Boy : မမလေး Tae ရဲ့မွေးနေ့ Party ပါ
YOU ARE READING
So Far Away
Fanfictionမပိုင်ဆိုင်နိုင်မှန်းသိပေမယ့်.... ပိုင်ဆိုင်ချင်မိတယ်..... ပိုင်ဆိုင်ခွင့်မရှိပေမယ့်.... ချစ်ခွင့်လေးတော့ရှိတယ်မလား....