Ep-2

397 37 5
                                    

မျက်နှာပေါ် ကျလာတဲ့ နေအလင်းရောင်ကြောင့် Jungkook အိပ်ရာမှ နိုးလာခဲ့သည်။နိုးနိုးချင်း ကုတင်ဘေးက စားပွဲပေါ်မှာတင်ထားတဲ့ ပြက္ခဒိန်ကိုကြည့်လိုက်တော့ October 19 ရက်နေ့ကိုမှင်အနီဖြင့် ဝိုင်းထားသည်ကို တွေ့လိုက်ရသည်။

10နှစ်ရှိပြီဘဲ


Jungkook စိတ်ထဲမှတွေးလိုက်ကာ အိပ်ရာမှထ လိုက်သည်။
ထို့နောက်ရေမိုးချိုးကာ ဗီရိုထဲမှ Shirt အင်္ကျီအနက်ရောင်နှင့်
စတိုင်ပင်ဘောင်းဘီအနက်ရောက်ကို ဝတ်ဆင်လိုက်သည်။
ဆံပင်ကိုတော့အရင်လိုဆီဖြင့်သပ်သပ်ရပ်ရပ်ဖြီးကာ အလယ်မခွဲထားဘဲ မျက်ခုံးပေါ်သို့ဝဲကျစေသည်။

Jeon စံအိမ်တော်ခြံဝင်းထဲမှ ကားအနက်ရောင်လေးကတော့ တစ်နေရာကိုဦးတည်လျက်.......

Jungkook ရဲ့ကားလေးဦးတည်ရာနေရာကတော့ သင်္ချိုင်းတစ်ခုစီကိုဖြစ်သည်။ သင်္ချိုင်းကိုရောက်တော့ Jungkook ကားပေါ်မှဆင်းလိုက်ကာလေးပင်တဲ့ခြေလှမ်းတွေနဲ့အတူ လျှောက်လာသည်။  အုတ်ဂူအဖြူလေးနှစ်ခုရှေ့မှာတော့ Jungkook ရဲ့ခြေလှမ်းအစုံတို့ဟာ ရပ်တန့်သွားပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။

Jungkook : Appa Omma မတွေ့ရတာကြာပြီနော်....ကျွန်တော်လေ...ကျွန်တော် Appa နဲ့ Omma ကိုအရမ်းသတိရတာဘဲ Appa နဲ့ Omma သာရှိသေးရင် ကျွန်တော်အခုလိုအလုပ်တွေလုပ်ရမှာမဟုတ်ဘူး အရမ်းတော်တဲ့ဆရာဝန်တစ်ယောက်ဖြစ်နေမှာ အခုတော့ဗျာ...တောက်

Jungkook ရဲ့တောက်ခေါက်သံသည် တိတ်ဆိတ်တ်နေတဲ့ သင်္ချိုင်းအတွင်း ကျယ်လောင်စွာထွက်ပေါ်လာသည်

Jungkook စိတ်ပျက်စွာသူ့အဖေနဲ့အမေရဲ့အုတ်ဂူလေးကိုမှီကာ မျက်လုံးများကိုလည်း မှိတ်ထားလိုက်သည်။

Ting 📩📩

ဝင်လာတဲ့ Message ကိုကြည့်လိုက်တော့..

From Nam Joon📩📩

"ဒီနေ့ညဆိပ်ကမ်းမှာပွဲတစ်ပွဲရှိတယ် အချင်းချင်းသတ်တဲ့အထိဖြစ်နိုင်တာမို့ ပြင်ဆင်ထားပါ "

Jungkook phone ကိုပိတ်လိုက်ကာ မျက်လုံးများကိုပြန်မှိတ်ထား လိုက်သည်။

So Far AwayWhere stories live. Discover now