Ting Ting Ting
အဆက်မပျက်ဝင်လာတဲ့messageတွေကြောင့်Jungkookအိပ်
နေရာမှစိတ်ပျက်စွာထကာ Phoneကိုဖွင့်လိုက်တော့ ကမ်းလှမ်းမှုများစွာ....ထိုကမ်းလှမ်းမှုများစွာထဲမှJungkookကြေးအများဆုံးတစ်ခုကိုလက်ခံလိုက်သည်...Jungkook : ဒီနေ့လည်းလူတစ်ယောက်အသက်ကို ချွေပေးရဦးမှာဘဲ..ဟက်
Jungkook ကုတင်ပေါ်မှထကာ ရေမိုးချိုးလိုက်ပြီး ဘီရိုထဲရှိ
T-Shirt အဖြူအပွတစ်ထည်နှင့် ဂျင်းဘောင်းဘီအနက်ရောက်ကိုဝတ်လိုက်ကာ အောက်ထပ်သို့ဆင်းလာ လိုက်သည်...Jungkook : Noona ကျွန်တော့အတွက် Coffee တစ်ခွက်လောက်ဖျော်ပေးပါလား
Yoonhwa : ကျွန်မအခုဖျော်လာပါ့မယ်...သခင်လေးဧည့်ခန်းထဲမှာခဏစောင့်နေနော်
Jungkook ခေါင်းတစ်ချက်သာ ညိမ့်ပြကာဧည့်ခန်းဘက်သို့ထွက်လာလိုက်သည်...
ဧည့်ခန်းထဲရှိ အကောင်းစား Sofa ပေါ်တွင် Jungkookခြေထောက်ချိတ်ထိုင်လိုက်ကာ..ဘောင်းဘီအိတ်ထဲရှိ Phone ကိုထုတ်ပြီးဖွင့်လိုက်တယ် ဆိုရင်ဘဲတက်လာတဲ့သတင်းက"NSS ကုမ္မဏီ CEO နေအိမ်တွင် သေနတ်ဒဏ်ရာဖြင့်သေဆုံး"
Jungkook အသက်မဲ့တဲ့အပြုံးတစ်ခုကို နှုတ်ခမ်းတွင်ဖန်ဆင်းလိုက်သည်
Yoonhwa : Coffee ရပါပြီသခင်လေး
Jungkook : ချထားလိုက်လေ Noona ပြီးရင်ခဏထိုင်ပါဦး ကျွန်တော်ပြောစရာရှိလို့
Yoonhwa: ပြောပါသခင်လေး
Jungkook : ကျွန်တော်ဒီနေ့အလုပ်ရှိတယ် Noona အဲ့တော့ထုံးစံအတိုင်း ညကျရင်အိမ်တော်အတွင်းကို ဘယ် Maid မှမဝင်ပါစေနဲ့ အစေခံတန်းလျားမှာဘဲ နေခိုင်းပါ
Yoonhwa : ဟုတ်ကဲ့ပါ သခင်လေး
Jungkook : Noona သွားလို့ရပြီ
Yoonhwa ဆိုသည်မှာ Jeon အိမ်တော်ရဲ့ အိမ်တော်ထိန်းတစ်ယောက်ဖြစ်သလို Jungkook ယုံကြည်ရတဲ့သူတွေထဲက တစ်ယောက်ဖြစ်သည်
Ting 📩📩
"Babe ခြံအပြင်မှာရောက်နေတယ် Oppa❤"
အသည်းပုံ Emoji လေးကြောင့် Jungkook တစ်ချက်ပြုံးကာ အိမ်အပြင်သို့ထွက်လာခဲ့သည်....
ခြံဝင်းကျယ်ကြီးဖြစ်တာကြောင့် အိမ်တော်မှခြံအပြင်ရောက်ရန်
10 မိနစ်လောက်လမ်းလျှောက်ရသေးသည်..
YOU ARE READING
So Far Away
Fanfictionမပိုင်ဆိုင်နိုင်မှန်းသိပေမယ့်.... ပိုင်ဆိုင်ချင်မိတယ်..... ပိုင်ဆိုင်ခွင့်မရှိပေမယ့်.... ချစ်ခွင့်လေးတော့ရှိတယ်မလား....