လင်းမင်က ဇူရန်ကို အနိုင်ယူခြင်းကို သူ့ရဲ့ရည်ရွယ်ချက်အဖြစ်သတ်မှတ်လိုက်သည်။ဒီဆုံးဖြတ်ချက်က လန်ယန်ယွဲ့နဲ့မဆိုင်ပေ သိုင်းပညာလမ်းကိုလျှောက်လမ်းရခြင်းရဲ့ ရည်ရွယ်ချက်လိုသာဖြစ်သည်။ဒီလမ်းကြောင်းက တံခါးဝတစ်ခုပြီးရင် နောက်တစ်ခုသို့ ဝင်ရောက်ရသည်
တောင်တစ်ခုပြီးတစ်ဖြတ်သန်းရသကဲ့သို့ပင်ဖြစ်သည်။
ဇူရန်ကတော့ သူ့မှာ အာဏာရှိပေမဲ့ ပထမဆုံးကျော်ဖြတ်ရမည့်တောင်ပင်ဖြစ်သည်။ကြီးမားတဲ့ ကျောက်အမည်ရတောင်ခြေမှာ အဆောက်အဦးများစွာတည်ရှိနေပြီး အလျားအနေနဲ့ မိုင်၂၀ ကျယ်ဝန်းပါသည်။ဒီနေရာဟာ နက်နဲသောသိုင်းစံအိမ်ခုနှစ်ခု ဝင်ခွင့်စာမေးပွဲအတွက် စာရင်းပေးသွင်းရမဲ့ နေရာတစ်ခုဖြစ်သည်။နက်နဲသောသိုင်းစံအိမ်ခုနှစ်ခု ရှေ့မှာ လူစုလူဝေးများစွာ ရှိနေကြသည်။
လင်းမင်နဲ့ လင်းရှောင်တုန်က တမင်တကာ နောက်ကျမှ
လာခဲ့ကြသော်လည်း လျှောက်ထားကြတဲ့ လူအရေအတွက်ကို သူတို့လျှော့တွက်မိကြောင်း အခုမှနားလည်ကြပါသည်။လျှောက်ထားကြသူတွေဟာ
တစ်တန်းစီနဲ့ သုံးတန်း တန်းစီထားကြပြီး မီတာအတော်အများ ရှည်ပါသည်။အခုလိုပုံစံမျိုးနှင့်ဆိုလျှင် ကြိုတင်စာရင်းပေးတာပြီးတဲ့အချိန်ထိ တစ်နာရီလောက်ကြာပါအုံးမည်။"ငါတို့စောင့်ရအုံးမှာပဲ"ဟု လင်းရှောင်တုန်ကပြောလိုက်ပြီး မျှော်လင့်ချက်မရှိသည့်ပုံစံဖြင့် သူများနောက်မှာ တန်းစီလိုက်သည်။
"အင်း"ဟုပြောပြီး လင်းမင်ခေါင်းညိတ်ပြလိုက်သည်။
"ဟေး ဟိုမှာလူနည်းနည်းပဲရှိတယ်"လို့ လင်းရှောင်တုန်
ကပြောပြီး အနီးနားက အဝင်ပေါက်ကို ညွှန်ပြလိုက်သည်။
တစ်ကယ့်ကိုလဲ လူနည်းနည်းပဲရှိတာပါ။ဒါ့အပြင် လမ်းကိုလဲ ကောဇောနီနဲ့ ခင်းထားပါတယ်။"ဒီနေရာက မြင့်မြတ်တဲ့သူတွေအတွက် သီးသန့်နေရာပါ.."ဟု စာရေးထားကို လင်းမင် သတိပြုမိလိုက်သည်။
ဒီ နက်နဲသောသိုင်းစံအိမ်ခုနစ်ခုဟာ ကောင်းကင်ကံကြမ္မာနိုင်ငံတော်ရဲ့ အရင်းအမြစ်ဖြစ်တဲ့
မြေပေါ်မှာ အဆောက်အဦးတွေဆောက်လိုက်ပြီ ဆိုကတည်းက နိုင်ငံရဲ့ လက်ရွေးစင်တွေကို စေလွတ်တာက သဘာဝပင်ဖြစ်သည်။ တစ်ကယ်တော့
သိုင်းစံအိမ်အများစုရဲ့အမှုရေးရာတွေကို စီမံဆောင်ရွက်ဖို့ လက်ရွေးစင်တွေကို ကိုင်တွယ်ခိုင်းစေသည်။ဥပမာတစ်ခုပြရရင်တော့ ဝင်ခွင့်စာရင်းပေးသွင်းရတဲ့ ဒီနေ့လိုပါပဲ။
YOU ARE READING
Martial World (သိုင်းကမ္ဘာ)
Actionနတ်ဘုရားအင်ပါယာမှာ များပြားလှတဲ့ ဒဏ္ဍာရီလူတွေဟာ ထူးဆန်းတဲ့ကုဗတုံးအတွက် တိုက်ခိုက်ခဲ့ကြသည်။တိုက်ပွဲပြီးသွားချိန်မှာတော့ အားလုံးဟာ စကြ၀ဠာထဲမှာ ပျောက်ကွယ်သွားသည်။လင်းမင်သည် ထူးဆန်းတဲ့အရာနဲ့ ရှေ့ဆက်လျှောက်ပြီး တိုင်းပြည်၏ သူရဲကော...